AD
AD
AD

ယနေ့မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ သီချင်းဖျော်ဖြေတင်ဆက်ခဲ့တဲ့ အင်္ဂလိပ်အဆိုတော် ရော်ဘီဝီလီယံအနေနဲ့ တိုက်ရိုက်ထုတ်လွှင့်ပြ သနေတဲ့ကင်မရာဖက်ကို လက်ခလယ်ထောင်ပြခဲ့တာကြောင့် ပရိသတ်တွေ အံ့အားသင့်စရာ ဖြစ်နေရပါတယ်။

play

 

ရော်ဘီအနေနဲ့ တေးသီးချင်း ဖျော်ဖြေနေချိန်မှာ ယခုလို ကင်မရာဖက်ကို ကြည့်ပြီး လက်ခလယ်ထောင်ပြခဲ့တာ ဖြစ်ပြီး ဘာကြောင့် ယခုလို ပြု မူခဲ့ရတာလည်းဆိုတာကိုတော့ မသိရသေးပါဘူး။

play

 

အဆိုပါ အပြုအမူကို တွေ့မြင်ခဲ့ကြတဲ့ ၆ သန်းသော ပရိသတ်တွေက အမျိုးမျိုး ပြောဆိုနေကြပြီး ၎င်းရဲ့ အပြုအမူပေါ် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေပါတယ်။

play

 

ပရိသတ်တစ်ဦးရဲ့ တွစ်တာမှာ ၎င်းရဲ့ အပြုအမူပေါ် ရေးသားထားတာကတော့ -" ငါများ ရူးနေတာလား သူပဲ တစ်ကယ် လက်ခလယ်ထောင်ပြ ခဲ့တာလား" လို့ ဖော်ပြခဲ့သလို အခြားသော ပရိသတ်တစ်ဦးဖြစ်တဲ့ ကိုင်လီမာတီနိုကလည်း -" ရော်ဘီမပါပဲနဲ့တော့ ကမ္ဘာ့ဖလား မမည်တော့ဘူး လို့ လှောင်ပြောင် ရေးသားခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

play

 

ဘာကြောင့်အခုလို လက်ခလယ်ထောင်ပြခဲ့တဲ့ အပြုအမူ ပြုလုပ်ခဲ့တာလည်း ဆိုတာကတော့ ၎င်းကိုယ်တိုင် ထုတ်ဖော်ပြောလာမှုကို စောင့်မျှော် သွားရမှာလည်း ဖြစ်ပါတယ်။

play

 

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ရော်ဘီဝီလီယံနဲ့အတူ ရုရှားမှ အဆိုတော် ဂါရီဖူလီနာကလည်း ပါဝင် ဖျော်ဖြေခဲ့ပြီး အဲ့နောက်မှာတော့ ရုရှားနဲ့ ဆော်ဒီအသင်းတို့ရဲ့ အဖွင့်ပွဲစဉ်ကို တစ်ဆက်တည်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရုရှားက ၅-၀ ဂိုးနဲ့ ဆော်ဒီကိုအနိုင်ယူပြီး အနိုင် ၃ မှတ်ကို ရယူကာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးကောင်းကိုစတင် ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ် ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD