AD
AD
AD

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ ရုရှားနိုင်ငံ မော်စကိုမြို့လယ် ပလက်ဖောင်းပေါ်မှာ လမ်းလျှောက် သွားလာနေတဲ့ လူအုပ်စုအတွင်း တက္ကစီတစ်စီးက ဝင်တိုက်ခဲ့မှုကြောင့် လူ ၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play


စနေနေ့ (ဇွန်လ ၁၆ ရက်) မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်အတွင်း ဒဏ်ရာရခဲ့သူတွေအနက် မက္ကစီကို ဘောလုံးပရိသတ် ၂ ဦးလည်း ပါဝင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ မော်စကိုမြို့ခံတွေနဲ့ ကမ္ဘာ့ဖလားပွဲ လာရောက်ကြည့်ရှုကြတဲ့ နိုင်ငံခြားပရိသတ်တွေ အသွားအလာများပြားနေတဲ့ ညနေပိုင်းအချိန်မှာ တက္ကစီဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ CCTV မှတ်တမ်းတစ်ခုအရ အဆိုပါ တက္ကစီကားဟာ အခြားကားတွေနဲ့အတူ တန်းစီးမောင်းသွားနေရာကနေ ရုတ်တရက် ဘေးဖက်ကိုကွေ့ထွက်လာပြီးနောက် အရှိန်မြှင့်တင်ကာ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားလာနေသူတွေကို ဝင်တိုက်ခဲ့တာ တွေ့ခဲ့ရပါတယ်။

play
တက္ကစီမောင်းနှင်သူ ကာဂျစ္စတန်နိုင်ငံသားကို ဖမ်းဆီးထားစဉ်


ထို့နောက် တက္ကစီကိုမောင်းနှင်လာသူက ထွက်ပြေးခဲ့ပေမဲ့ အနီးပတ်ဝန်းကျင်မှာရှိနေသူတွေက ၎င်းကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တက္ကစီမောင်းနှင်သူဟာ အသက် ၂၈ နှစ်အရွယ် ကာဂျစ္စတန်နိုင်ငံသားဖြစ်ပြီး ၎င်းကို စစ်ဆေးမေးမြန်းနေကြောင်း မော်စကိုရဲတပ်ဖွဲ့က ပြောပါတယ်။

play


မော်စကိုမြို့တော်ဝန်က ယာဉ်မောင်းဖြစ်သူဟာ တက္ကစီကိုမထိန်းနိုင်ဖြစ်ပြီး လူအုပ်ကိုဝင်တိုက်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ရုရှားသတင်းဌာန Interfax က အမည်မဖော်တဲ့ သတင်းရင်မြစ်ကို ကိုးကားဖော်ပြခဲ့ရာမှာတော့ တက္ကစီမောင်းသူဟာ အိပ်ပျော်သွားခဲ့တယ်လို့ ဆိုပါတယ်။

အစောပိုင်းသတင်းတွေက တက္ကစီမောင်းသူဟာ အရက်မူးနေခဲ့ကြောင်း ဖော်ပြခဲ့ပေမဲ့ မော်စကို ယာဉ်လမ်းကြောင်းထိန်းသိမ်းရေး အာဏာပိုင်တွေက ထိုသတင်းတွေကို မဟုတ်မှန်ကြောင်း ပယ်ချခဲ့ပါတယ်။

play


ယခုဖြစ်ရပ်ဟာ မော်စကိုမြို့ရှိ ရုရှားသမ္မတနန်းတော် ကရင်မ်လင်နဲ့ ရင်ပြင်နီတို့နဲ့ အလှမ်းမကွာဝေးတဲ့ နေရာမှာ ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ရုရှားနိုင်ငံက ဘောလုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရာ မြို့တွေမှာ လုံခြုံရေးအစီအစဉ်များ အထူးတလည် လုပ်ဆောင်ထားတယ်လို့ ပြောထားပါတယ်။

play


အမေရိကန်အစိုးရကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြမ်းဖက်သမားတွေက ပစ်မှတ်ထားနိုင်ကြောင်းဖြင့် ၎င်းရဲ့ နိုင်ငံသားတွေကို ခရီးသွားလာမှုဆိုင်ရာ အကြံပြုသတိပေးချက်တစ်ရပ် ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေကို မော်စကို၊ စိန့်ပီတာစဘတ်နဲ့ ဆိုချီ အပါအဝင် ရုရှားနိုင်ငံတစ်ဝှမ်း မြို့ကြီးများရှိ ဘောလုံးကွင်း ၁၂ ကွင်းမှာ ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၅ ရက်အထိ ကျင်းပသွားရန် စီစဉ်ထားပါတယ်။

World Cup 2018 သတင်းများဖတ်ရှုရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD