AD
AD
AD

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (င) ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားငါးကြိမ်ရ ဘရာဇီးလ် နဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ ပွဲမှာ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေပွဲအဖြစ် ပြီးဆုံးသွားခဲ့ပါတယ်။ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေခဲ့တဲ့ ဘရာဇီးလ်အသင်းဟာ ဆွစ်ဇာလန်ကို အနိုင်မယူနိုင်ခဲ့ပဲ ချေပဂိုးပြန်လည်ပေးခဲ့ရပြီး ပွဲဦးထွက်မှာ သရေနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

play
ဘရာဇီးနဲ့ဆွစ်ဇာလန်တို့ ပွဲမှ အကြိတ်အနယ်မြင်ကွင်း

 

ဘရာဇီးလ်အသင်းမှာ လူစုံတက်စုံ ပါဝင်လာခဲ့ပြီး ဂိုးသမားအယ်လစ်ဆန်၊ သီယာဂိုဆေးဗားလ်၊ မာဆယ်လို၊ ကော်တင်ဟို၊ ဂျီးဆပ်၊ ၀ီလီယံ၊ နေမာအစရှိတဲ့ နာမည်ကျော်ကစားသမားတွေ ပါဝင်ခဲ့ကြပြီး ဆွစ်ဇာလန်ကတော့ ရှာကွီရီ၊ ဇာခါ၊ လက်စတိုင်နာတို့နဲ့ ပွဲထွက်လာခဲ့ကာ ဘရာဇီးလ်အသင်းကို ရင်ဆိုင်ကစားသွားခဲ့ပါတယ်။

play
နေမာကို တားဆီးနေတဲ့ ဆွစ်ဇာလန် ကစားသမားတစ်ဦး

 

ဘရာဇီးလ်အသင်းဟာ ဂိုးကန်သွင်းချက် (၁၁) ကြိမ်သာ ရရှိခဲ့ပြီး ဂိုးပေါက်တည့်မှုက (၄ )ကြိမ်သာ ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ တိုက်စစ်အင်အားတောင့်တင်းလွန်းတဲ့ ဘရာဇီးလ်အတွက်တော့ ဆိုးရွားတဲ့မှတ်တမ်းတစ်ခုဖြစ်ပြီး ဆွစ်ဇာလန်အသင်းက ဂိုးကန်သွင်းမှု (၃) ကြိမမ်မှာ (၂) ကြိမ်ဂိုးပေါက်တည့်ခဲ့ပြီး တစ်ဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။

play
ဘရာဇီးလ်အတွက် ကော်တင်ဟို ဂိုးသွင်းယူနေစဉ်

 

ပထမပိုင်း မိနစ် (၂၀)မှာ ကော်တင်ဟိုရဲ့ သွင်းဂိုးနဲ့ ဘရာဇီးလ် ဦးဆောင်နိုင်ခဲ့ပေမယ့် အဓိကကစားသမား နေမာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့လို့ နောက်ထပ်သွင်းဂိုးတွေ မရရှိခဲ့သလို ဆွစ်ဇာလန်အသင်းရဲ့ ကစားပုံကောင်းမွန်မှုကြောင့်လည်း ဘရာဇီးလ်တို့ အခက်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်း မိနစ် (၅၀)မှာ စတီဗင်ဇူဘာက ဆွစ်ဇာလန်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပြီး အဖိုးတန် သရေတစ်မှတ်ကို ရယူပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

play
ချေပဂိုးသွင်းအပြီး ဇူဘာ အောင်ပွဲခံနေစဉ်

 

အုပ်စု (င)မှာတော့ ဆာဘီးယားအသင်းက ရမှတ် (၃) မှတ်နဲ့ ဦးဆောင်နေခဲ့ပြီး ဘရာဇီးလ်၊ ဆွစ်ဇာလန် နဲ့ ကော်စတာရီကာတို့က အစဉ်လိုက်ရပ်တည်နေခဲ့ကြပါတယ်။ ၀ီလီယံရဲ့ တောင်ပံတိုက်စစ်တွေကြောင့် ဆွစ်ဇာလန်နောက်ခံလူ ရီကာဒိုရိုဒရီဂွက်ဇ် အခက်တွေ့ခဲ့ရပြီး ၀ီလီယံကို ထိန်းသိမ်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်ရရှိခဲ့တဲ့ ဂိုးကတော့ ကော်တင်ဟိုရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဆွစ်ဇာလန်အတွက် ချေပဂိုးကိုတော့ ဇူဘာက ခေါင်းတိုက်သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD