AD
AD
AD

မက္ကဆီကိုနောက်ခံလူ ရာဖေးလ်မားကွက်ဇ်ဟာ ဂျာမနီနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် လူစားလဲလှယ်ဝင်ရောက် ကစားခဲ့ပြီးနောက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅) ကြိမ်အထိ ပါဝင်ကစားနိုင်ခဲ့တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဂျာမနီအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မားကွက်ဇ်ဟာ ပွဲချိန် (၇၄) မိနစ်မှာ လူစားလဲလှယ်ခဲ့တာလည်း ဖြစ်ပါတယ်။

play
ပွဲအပြီး အောင်ပွဲခံနေခဲ့တဲ့ မားကွက်ဇ်

 

အသက် (၃၉) နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်နောက်တန်းကစားသမားဟောင်းကြီးဟာ ကလပ်အသင်းတွေ အတွက် ကစားပေးခြင်းမှ အနားယူခဲ့ပြီဖြစ်ပြီး မက္ကဆီကိုအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ကစားနေခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅)ကြိမ်အထိ ပါဝင်ကစားခဲ့ဖူးတဲ့ မက္ကဆီကိုဂိုးသမားဟောင်း အန်တိုနီယိုကာဘာဂျယ် နဲ့ ဂျာမနီဂန္ထ၀င်ကစားသမား လိုသာမီးသပ်စ်တို့ရဲ့ စံချိန်ကို မားကွက်ဇ်က လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။

play
အသက် (၃၉)နှစ်အရွယ်နောက်ခံလူ မားကွက်ဇ်

 

"ပြိုင်ပွဲတွေက အနားယူဖို့ အချိန်ကျနေပြီလို့ ကျွန်တော်ခံစားရပါတယ်၊ မက္ကဆီကိုမှာက အဆိုးမြင်ဝါဒီတွေရှိနေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းကတော့ ခိုင်မာတောင့်တင်းနေတာပါ၊ ကျွန်တော်အိမ်ပြန်မယ်ဆိုရင်တောင်မှ တားမယ့်သူတစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး" လို့ မားကွက်ဇ်က သူ့ရဲ့ လက်ရှိအခြေအနေကို ပြောပြခဲ့ပါတယ်။

play
မက္ကဆီကိုအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့စဉ်က မားကွက်ဇ် အောင်ပွဲခံနေစဉ်

 

ဂျာမနီအသင်းကို တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပြီးအချိန်မှာ မက္ကဆီကိုနည်းပြ အိုဆိုရီယိုက မားကွက်ဇ်ကို ထည့်သွင်းပြီး ခံစစ်ပိုင်းကို ပိုမိုတောင့်တင်းအောင် ဖန်တီးခဲ့ကာ ဂျာမနီအသင်းရဲ့ တိုက်စစ်ပိုင်းကို ခုခံဖို့ ပြင်ဆင်ခဲ့ပါတယ်။ မားကွက်ဇ်ဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ကွင်းလယ်ခံစစ်ပိုင်းမှာ ကစားခဲ့ကာ ဘောလုံးဖြတ်တောက်မှုအနည်းငယ် ပြုလုပ်နိုင်ခဲ့ပါတယ်။

play
မားကွက်ဇ်ကတော့ ကမ္ဘာ့ဖလား (၅) ကြိမ် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

"ကမ္ဘာ့ဖလားမှာ ငါးကြိမ်ပါဝင်ကစားရတာကို ကျွန်တော် မတွေးထားခဲ့မိဘူး၊ ပြိုင်ပွဲက ပြီးဆုံးခါနီးနေပါပြီ၊ ဒါကြောင့် ကျွန်တော့်အလုပ်ကို လုပ်ဖို့ပဲ တွေးခဲ့ပါတယ်၊ တော်တော်လေးတော့ ဖိအားများခဲ့တဲ့ ပွဲပါ" လို့ မားကွက်ဇ်က ဂျာမနီနဲ့ ကစားခဲ့တဲ့ ပွဲအပေါ် ခံစားချက်ကိုလည်း ပြောခဲ့ပါသေးတယ်။ မားကွက်ဇ်ဟာ မက္ကဆီကိုအတွက် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၀၂ ခုနှစ်မှာ စတင်ကစားခဲ့ပြီး ဆက်တိုက်ဆိုသလို ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ နဲ့ ၂၀၁၈ ခုနှစ်ပြိုင်ပွဲတွေမှာပါ ၀င်ရောက်ကစားခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD