AD
AD
AD

အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အင်္ဂါနေ့နံနက်ပိုင်းမှာ ကစားရမယ့် တူနီးရှားနဲ့ပွဲအတွက် အသင်းကို ဦးဆောင်ဖို့ အသင့်အနေအထားမှာ ရှိနေခဲ့ပြီလို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်ဟာ တူနီးရှားနဲ့ ကစားရမယ့် Volgograd ကွင်းကြီးထဲကို အသင်းနည်းပြ ဆောက်ဂိတ်နဲ့အတူ သွားရောက်မှုလည်း ပြုလုပ်ခဲ့ပါတယ်။

play

 

အင်္ဂလန်အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟယ်ရီကိန်းက ကမ္ဘာကြီးတစ်ခုလုံးကို သူ့ရဲ့ အရည်အသွေးတွေ ပြသဖို့အတွက် အသင့်ဖြစ်နေပြီလို့လည်း ပြောဆိုခဲ့ပါသေးတယ်။ ၂၀၁၄ ကမ္ဘာ့ဖလား နဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲတို့မှာ အခြေအနေမကောင်းခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ပုံရိပ်တွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် ဟယ်ရီကိန်းက ရည်ရွယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

"လွန်ခဲ့တဲ့ လေးနှစ်ကဆို ကျွန်တော် ဒီပြိုင်ပွဲကို အားလပ်ရက်အဖြစ် ကြည့်ရှုခဲ့ရပါတယ်၊ အဲဒီတုန်းက တင်ရှားဝုဒ်ရဲ့ လက်အောက်မှာ ကျွန်တော် ပရီးမီးယားလိဂ် နောက်ဆုံး (၇)ပွဲမှာ (၆) ပွဲအထိ ကစားခဲ့ရပါတယ်၊ ပိုချက်တီနို အသင်းကို ရောက်လာတဲ့နောက်မှတော့ ကျွန်တော့်အတွက် အားလုံးက အဆင်ပြေလာခဲ့ပါတယ်၊ ပိုကောင်းတဲ့ ပုံစံကို ရရှိခဲ့သလို ပိုပြီးစွမ်းအားပြည့်လာခဲ့ပါတယ်" လို့ ဟယ်ရီကိန်းက ပြောကြားခဲ့ပါတယ်။

play

 

"အလုပ်ကို အကောင်းဆုံးကြိုးစားပြီး စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း ကြိုးစားခဲ့လို့ အဆိုရင် ကျွန်တော်ဦးဆောင်ရမယ့် အချိန်ရောက်လာခဲ့ပါပြီ၊ လေ့ကျင့်ရေးကွင်းမှာလည်း ပြင်းပြင်းထန်ထန်ကြိုးစားနေကြလို့ ကျွန်တော်တို့အတွက် အခွင့်အရေး ပိုင်ဆိုင်နိုင်မယ့် အချိန်ရောက်လာခဲ့တယ်လို့ ပြောရမှာပါပဲ၊ လွန်ခဲ့တဲ့ လေးနှစ်က ကျွန်တော်သက်သေပြနိုင်ဖို့ ကြိုးစားခဲ့ပြီး အခု ဒီကိုရောက်လာခဲ့ပါပြီ၊ ကမ္ဘာ့ကြီးတစ်ခုလုံးကို ကျွန်တော် ဘာလုပ်နိုင်တယ်ဆိုတာ ပြသဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး" လို့ ဟယ်ရီကိန်းက ကြုံးဝါးပြောဆိုခဲ့ပါတယ်။

play

 

အင်္ဂလန်အသင်းဟာ အုပ်စု (G) အဖွင့်ပွဲအဖြစ် တူနီးရှားအသင်းနဲ့ အင်္ဂါနေ့ နံနက်၊ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီမှာ ကစားရမှာဖြစ်ပြီး အုပ်စုအဆင့်က လွတ်မြောက်နိုင်ဖို့ ဘယ်လ်ဂျီယံအသင်းနဲ့အတူ ရေပန်းစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD