AD
AD
AD

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ဂျာမနီနဲ့ မက္ကဆီကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ မက္ကဆီကိုကစားသမား လိုဇာနိုက အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ( ၃၄) မိနစ်မှာ သွင်းယူခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လိုဇာနို ဂိုးသွင်းခဲ့တဲ့ အချိန်မှာတော့ မက္ကဆီကိုနီုင်ငံမှာ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ အစိုးရသတင်းဌာနများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

play

 

ဒီသတင်းကို စပိန်သတင်းစာ AS က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ SIMMSA ရဲ့ တွစ်တာအကောင့်မှာ ဖော်ပြခဲ့တာ ဖြစ်ပြီး မြေငလျင်လှုပ်ရှားမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အသေးစိတ် လေ့လာစူးစမ်းမှုများအရ သိရှိခဲ့ရပါတယ်။ ဘူမိဗေဒဆိုင်ရာ သုတေသနများအရလည်း ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အတည်ပြုဖော်ပြခဲ့ကြပြီး အစီရင်ခံစာများလည်း ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

play

 

လက်ရှိကမ္ဘာ့ချန်ပီယံဂျာမနီအသင်းကို မက္ကဆီကိုက အံ့ဖွယ်အနိုင်ရရှိမှုအဖြစ် လိုဇာနိုရဲ့ သွင်းဂိုးက ဖြစ်တည်ခဲ့ပြီး အမိမြေမက္ကဆီကိုက ပရိသတ်များရဲ့ ခုန်ပေါက်လှုပ်ရှားမှုကြောင့် ငလျင်လှုပ်သလိုဖြစ်ခဲ့တာလားဆိုတဲ့ အရွှန်းဖောက်ပြောဆိုမှုတွေလည်း ရှိခဲ့ပြီး အသင်းရဲ့ နိုင်ပွဲကို တင်စားဂုဏ်ပြုခဲ့ကြပါတယ်။ တချို့ဖော်ပြချက်များအရတော့ မြေငလျင်မဟုတ်ဘဲ ပရိသတ်များရဲ့ ခုန်ပေါက်အောင်ပွဲခံမှုကြောင့် တုန်လှုပ်ခဲ့မှုဖြစ်မယ်လို့ ခန့်မှန်းဖော်ပြခဲ့ကြပါတယ်။

play

 

play

 

ဒေသစံတော်ချိန် 11:32 AM မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း ဒီသတင်းက ရေပန်းစားသွားခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ရဲ့ လျှင်မြန်တဲ့ ကောင်တာတိုက်စစ်ကစားပုံတွေနဲ့ ဂျာမနီကို ဒုက္ခပေးသွားခဲ့ပြီး လိုဇာနိုရဲ့ တိကျပြင်းထန်တဲ့ ကန်ချက်နဲ့ မက္ကဆီကိုက အနိုင်ဂိုးရရှိသွားခဲ့တယ်။

play

 

play

 

PSV အသင်းကစားသမား လိုဇာနိုရဲ့ ဂိုးကို ခွင့်ပြုခဲ့ရအပြီးမှာ ဂျာမနီအသင်းဟာ ဖိအားဝင်သွားခဲ့ပြီး ပြန်လည်ချေပဖို့ ကြိုးစားခဲ့ပေမယ့် အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD