AD
AD
AD

တစ်ကမ္ဘာလုံး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းကြည့်ရှုအားပေးခဲ့ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၄ ရက်မြောက်နေ့ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် ပရိသတ်တွေအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၄ ရက်မြောက်နေ့မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်းနဲ့ ပွဲစဉ်ပြင်ပမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေ ရှိနေပါတယ်။

 

၁။ အသက်အကြီးဆုံးအသင်းနဲ့ အရပ်အရှည်ဆုံးအသင်းတို့ရဲ့ထိပ်တိုက်ရင်ဆိုင်တွေ့မှု

play
Photos: M.today

 

ယမန်နေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကော်စတာရီကာအသင်းနဲ့ ဆားဘီးယားအသင်းတို့ရဲ့ပွဲစဉ်မှာ ထူးခြားချက်တစ်ခုရှိနေခဲ့ပါတယ်။ အဲဒါကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ကော်စတာရီကာအသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ လူစာရင်းထက် အသက်ပိုမိုကြီးနေခဲ့ပြီး ကော်စတာရီကာအသင်းသမိုင်းတလျှောက် ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်တဲ့အသက်အကြီးဆုံး အသင်းဖြစ်ခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီကွေဒေါအသင်းရဲ့ကစားခဲ့တဲ့ ကော်စတာရီကာအသင်းရဲ့ပျမ်းမျှအသက်ဟာ ၂၉ နှစ်နဲ့ ၃၄၅ ရက်ဖြစ်ပြီး ယမန်နေ့ညနေက ဆားဘီးယားအသင်းနဲ့ကစားခဲ့တဲ့ ကော်စတာရီကာအသင်းရဲ့ပျမ်းမျှအသက်ဟာ ၂၉ နှစ်နဲ့ ၃၄၆ ရက်ရှိနေခဲ့တာဖြစ်ပါတယ်။

play
Photos: NDTV Sports

 

နောက်ထပ်တစ်ခုအနေနဲ့ ဆားဘီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့အသင်းတွေထဲမှာ အရပ်အရှည်ဆုံးအသင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆားဘီးယားအသင်းအတွက် အနိုင်ဂိုးကို ကိုလာရော့ဗ်က အလွတ်တည်ကန်ဘောကနေ သွင်းယူပေးခဲ့တာဖြစ်ပြီး ကိုလာရော့ဗ်ရဲ့တာဒစ်တို့ရဲ့ ပြစ်ဒဏ်ဘောတွေက ကော်စတာရီကာအသင်းကို ကောင်းကောင်းခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

 

၂။ နိုင်ငံတော်သီချင်းသီဆိုနေချိန်မှာ ကင်မရာကို မျက်စိမှိတ်ပြခဲ့တဲ့ သောမတ်စ်မူလာ

play
Photos: The Sun

 

ယမန်နေ့ညက မက်ဆီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မတိုင်မီ ဂျာမနီနိုင်ငံတော်သီချင်းကို သီဆိုနေစဉ် ကင်မရာက ဂျာမနီအသင်းရဲ့ကစားသမားတွေကို ရုပ်သံရိုက်ကူးခဲ့ရာ သောမတ်စ်မူလာက ကင်မရာ ၎င်းရဲ့ရှေ့ကို ရောက်တဲ့အချိန်မှာ မျက်စိတစ်ဖက်မှိတ်ပြခဲ့တာကို တွေ့ခဲ့ရပါတယ်။ ရုပ်သံရိုက်ကူးသူဟာ သောမတ်စ်မူလာ မျက်စိတစ်ဖက်မှိတ်ပြတာ ပိုသေချာသွားအောင် အရှိန်ကို အနည်းငယ်လျှော့ချပြီးတော့ မလွတ်တမ်းရိုက်ကူးခဲ့ပါတယ်။

 

၃။ တိုနီခရူးစ်နဲ့ ကွင်းလယ်ဒိုင်ကြားမှာ ဖြစ်ခဲ့ဖြစ်ရပ်

play
Photos: The Sun

play
Photos: The Sun

 

ဂျာမနီအသင်းနဲ့ မက်ဆီကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ တိုနီခရူးစ်နဲ့ ကွင်းလယ်ဒိုင်တို့ကြားမှာ အနည်းငယ် ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ တိုနီခရူးစ်ဟာ မက်ဆီကိုကစားသမားတစ်ဦးနဲ့ ဘောလုံးယှဉ်လုရာမှာ ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင် အလီရက်ဇာဖက်ဂါနီကို စောဒကတက်ဖို့ ချဉ်းကပ်ခဲ့ရာ ကွင်းလယ်ဒိုင်က တိုနီခရူးစ်ကို နောက်ပြန်ဆုတ်ဖို့ တွန်းထိုးခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ တွန်းထိုးခြင်းကို ခံခဲ့ရတဲ့ တိုနီခရူးစ်က စိတ်မကျေမနပ်ဖြစ်ခဲ့ပြီး 'ခင်ဗျား ဘာလုပ်တာလဲ'လို့ ပြောခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က 'မင်းကို ငါ သတိပေးနေတာနော်။ အခု နောက်ဆုတ်လိုက်'လို့ ပြောကြားခဲ့ပါတယ်။

 

၎။ ဂျာမနီပရိသတ်တွေအလယ်မှာ အောင်ပွဲခံခဲ့ကြတဲ့ မက်ဆီကိုပရိသတ်များ

play
Photos: The Sun

 

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးအရာတစ်ခုကတော့ လူအားလုံးပါဝင်ဆင်နွှဲနိုင်တဲ့ ဘောလုံးနဲ့သက်ဆိုင်တဲ့ ပွဲတော်ကြီးတစ်ခု ဖြစ်ခြင်းဖြစ်ပါတယ်။ မကြာခဏ ပြိုင်ဘက်အသင်းနှစ်သင်းရဲ့ နှစ်ဖက်ပရိသတ်တွေ ကွင်းအတွင်း၊ ကွင်းအပြင် ခိုက်ရန်ဖြစ်ပွားကြတယ်ဆိုတဲ့ သတင်းတွေ ကမ္ဘာတလွှားမှာ မကြာခဏ မြင်တွေ့နေကျဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ နိုင်ငံအသီးသီးက ပရိသတ်တွေ ရောနှောကြည့်ရှုကြတာဖြစ်ပြီး ဂျာမနီအသင်းနဲ့ မက်ဆီကိုအသင်းတို့ရဲ့ပွဲစဉ်ကိုလည်း နှစ်ဖက်အသင်းပရိသတ်တွေ အတူကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ မက်ဆီကိုအသင်းပရိသတ်တွေဟာ မက်ဆီကိုအသင်းအနိုင်ရရှိသွားတဲ့အချိန်မှာ ဂျာမနီပရိသတ်တွေအလယ်မှာ ရောက်နေတာကိုတောင် သတိမရတော့ဘဲ လွန်လွန်ကျူးကျူးကို အောင်ပွဲခံခဲ့ကြတာတွေ့ရပြီး ဂျာမနီပရိသတ်တွေက ခွင့်လွှတ်နားလည်မှုအပြည့်နဲ့ နေပေးခဲ့တာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ထူးခြားတဲ့အရာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

 

၅။ ဂျာမနီအသင်း ရှုံးနိမ့်သွားလို့ မခံမရပ်နိုင်ဖြစ်ပြီး ပေါက်ကွဲခဲ့တဲ့ ဂျာမနီလက်ရွေးစင်တွစ်တာအကောင့် အက်ဒ်မင်

play
Photos: The Sun

 

ဂျာမနီလက်ရွေးစင်အသင်းရဲ့ တရားဝင်တွစ်တာအကောင့်ကို ကိုင်တွယ်ထိန်းသိမ်းနေရတဲ့ အက်ဒ်မင်ဟာလည်း လူတွေထဲက လူတစ်ယောက်ပါပဲ။ ဂျာမနီအသင်း ရှုံးနိမ့်ခဲ့တဲ့အတွက် ဂျာမနီအသင်းရဲ့တွစ်တာအက်ဒ်မင်ဟာ ဒေါသအိုးပေါက်ကွဲခဲ့ပြီး ကိုယ့်တွစ်တာအကောင့်လား၊ ဂျာမနီလက်ရွေးစင်အသင်းရဲ့တရားဝင်တွစ်တာအကောင့်လားဆိုတာ မသိနိုင်လောက်အောင် ပေါက်ကွဲပြီး ဒေါသထွက်နေကြောင်း မှားယွင်းပြသမိခဲ့ပါတယ်။

 

၆။ လူမှုကွန်ရက်မှာ လှောင်ပြောင်ခံနေရတဲ့ နေမာရဲ့ ဆံပင်ပုံစံအသစ်

play
Photos: The Sun

play
Photos: The Sun

play
Photos: The Sun

 

ဘောလုံးသမားတွေဟာ လူပေါင်းမြောက်မြားစွာ ကြည့်ရှုနေတဲ့ ဘောလုံးကွင်းထဲမှာ ပြင်ဆင်ခြယ်သစရာဆိုလို့ ဆံပင်သာ ရှိတဲ့အတွက်အဲဒီဆံပင်ကိုပဲ ဆေးဆိုးလိုက်၊ ပုံစံအဆန်းတွေ ညှပ်လိုက် လုပ်နေကြတာဟာ ဘောလုံးလောကမှာ မထူးဆန်းတော့ပါဘူး။ ဥပမာ ၂၀၀၂ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးလ် ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ဆံပင်ပုံစံနဲ့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက တစ်သင်းလုံး ဆံပင်ရွှေအိုရောင်ဆိုးခဲ့တဲ့ ရိုမေးနီးယားအသင်းတို့က သက်သေပဲဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းရဲ့တိုက်စစ်မှူး နေမာကို ယမန်နေ့ညက ကစားခဲ့တဲ့ ဆွစ်ဇာလန်အသင်းနဲ့ပွဲစဉ်မှာ ဆံပင်ပုံစံသစ်နဲ့ မြင်တွေ့ခဲ့ရပြီး ရွှေရောင် ခွေခေါက်နေတဲ့ဆံပင်တွေဟာ နေမာရဲ့ဦးခေါင်းမှာ ရှုပ်ထွေးနေတာကို တွေ့ရပါတယ်။ နေမာရဲ့ဆံပင်ပုံစံသစ်ဟာ လူမှုကွန်ရက်တွေမှာ နာမည်ကြီးနေပြီး လူတော်တော်များများရဲ့ လှောင်ပြောင်ခြင်းကို ခံနေရတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD