AD
AD
AD

ယမန်နေ့ညက ကမ္ဘာ့ဖလားအုပ်စု E အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီးလ်နဲ့ ဆွစ်ဇာလန်အသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာဟာ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

play
Photos: Football Ace

play
Photos: Daily Star

 

ဘရာဇီးလ်အသင်းအတွက် အဖွင့်ဂိုးကို မိနစ် ၂၀ မှာ ကော်တင်ဟိုက အဝေးကန်သွင်းချက်နဲ့ လှလှပပ သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း မိနစ် ၅၀ မှာ စတီဗင်ဇူးဘားက ရှာကွီရီကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူပြီး ဆွစ်ဇာလန်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play
Photos: Metro

 

နေမာဟာ ရော့စတော့ဗ်ကွင်းကြီးထဲမှာ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ အပိုင်ခေါင်းတိုက်သွင်းယူရမယ့် ရွှေရောင်အခွင့်အရေးကိုလည်း လွဲချော်ခဲ့ပါသေးတယ်။ အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးက နေမာရဲ့ကျော်ကြားမှုဟာ ဘရာဇီးအသင်းရဲ့အခွင့်အရေးတွေကို ထိခိုက်ပျက်စီးစေနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"ဒီနေ့ခေတ် လူငယ်မျိုးဆက်သစ်တွေမှာ သဘာဝအတိုင်း ဖြစ်လာတဲ့ အသင်းခေါင်းဆောင်ဆိုတာ မရှိတော့ဘူး။ ဘာကြောင့်လဲ ကျွန်တော်လည်း မသိဘူး"

"ကစားသမားတိုင်းက အခုအချိန်မှာ ထင်ရှားကျော်ကြားတဲ့ ကြယ်ပွင့်တွေ ဖြစ်နေတာကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဥပမာအနေနဲ့ နေမာက စူပါစတားတစ်ယောက်။ သူ့တစ်ယောက်တည်းမှာတော့ Followers က သန်း ၁၇၀ လောက်ရှိတယ်"

"တကယ်လို့ ကျွန်တော်က နေမာရဲ့အသင်းခေါင်းဆောင်ဖြစ်နေခဲ့မယ်ဆိုရင်တောင် သူလုပ်ချင်တာ သူလုပ်မှာပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD