AD
AD
AD

ဒီကနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ဆွစ်ဇာလန်တို့ရဲ့ ကမ္ဘာ့ဖလားပွဲမှာတော့ ဘရာဇီးလ်တိုက်စစ်မှူး နေမာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းရဲ့ ကမ္ဘာ့တန်ကြေးအများဆုံး ကစားသမားဟာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီး ဆွစ်ဇာလန်ကစားသမားများရဲ့ ထိန်းချုပ်ခြင်းကို ခံခဲ့ရပါတယ်။

play

 

အချက်အလက်များအရ နေမာဟာ ဆွစ်ဇာလန်ကစားသမားများရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုကို (၁၀)ကြိမ်အထိ ခံခဲ့ရတယ်လို့ သိရပြီး နေမာကို တည်ပြီး တိုက်စစ်ကို အားပြုခဲ့တဲ့ ဘရာဇီးလ်ဟာ ကော်တင်ဟိုရဲ့ သွင်းဂိုးတစ်ဂိုးတည်းရရှိခဲ့ပြီး ဆွစ်ဇာလန်ကို ချေပဂိုးပြန်လည် ခွင့်ပြုခဲ့ရပါတယ်။ ဘရာဇီးလ်အသင်းအတွက်လည်း သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆွစ်ဇာလန်နည်းပြ ပက်ကိုဗစ် နဲ့ နောက်ခံလူ လက်စတိုင်နာတို့က အသက် (၂၆)နှစ်အရွယ် တိုက်စစ်မှူးနေမာကို ရပ်တန့်နိုင်ဖို့ ခက်ခဲမယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ်တမ်းပွဲကစားတဲ့အခါမှာ နေမာကို ထိန်းချုပ်ဖို့အတွက် နည်းလမ်းကို ရှာတွေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

နေမာကို အနီးကပ်ထိန်းချုပ်ဖို့အတွက် ဘဟာမီက တာဝန်ယူခဲ့ပြီး ရှာခါကလည်း နေမာကို အလွတ်မပေးစတမ်း စောင့်ကြည့်ခဲ့ပါတယ်။ လက်စတိုင်နာကလည်း နေမာနဲ့ ဘောလုံးယှဉ်လုနေစဉ်မှာ နေမာရဲ့ မျက်နှာကို  ထိခိုက်အောင် ပြုမူခဲ့တာတွေကိုလည်း မြင်တွေ့ခဲ့ရပြီး နေမာ စိတ်ကြိုက်ကစားလို့မရအောင် ခပ်ကြမ်းကြမ်းကစားသွားခဲ့ပါတယ်။

 

နေမာအနေနဲ့လည်း ဆွစ်ဇာလန်ကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်းကစားမှုအောက်မှာ တစ်ဦးကောင်းခြေစွမ်းကို ပြသဖို့ ရုန်းကန်ခဲ့ရပြီး မကြာခဏဆို ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်လူကြီးရဲ့ အကာအကွယ်ပေးမှုကိုလည်း နေမာဟာ အနည်းအကျဉ်းသာ ရရှိခဲ့တယ်လို့ စပိန်သတင်းစာ Marca က ရေးသားသွားခဲ့ပါတယ်။

play

 

နေမာရဲ့ ပြစ်ဒဏ်ကျူးလွန်ခံရမှု အရေအတွက်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် တူနီးရှားနဲ့ အင်္ဂလန်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်တိုက်စစ်မှူး အလန်ရှီးယား ပြစ်ဒဏ် (၁၁) ကြိမ် ကျူးလွန်ခံရပြီးနောက် ကစားသမားတစ်ဦး အများဆုံး ကျူးလွန်ခံခဲ့ရတဲ့ အရေအတွက် အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD