AD
AD
AD

တောင်ကိုရီးယားအသင်းဟာ ဆွီဒင်နဲ့ကစားမယ့် ပွဲမတိုင်ခင်မှာ သူတို့ရဲ့ နည်းစနစ်တွေကို ပြိုင်ဘက်အသင်းတွေ မရိပ်မိအောင်နဲ့ အံ့အားသင့်သွားအောင် အသင်းရဲ့ ဂျာစီနံပါတ်များကို ပြောင်းလဲဝတ်ဆင်ပြီး ခြေစမ်းပွဲများ ကစားခဲ့သလို လေ့ကျင့်ရေးကွင်းမှာလည်း အဆိုပါအတိုင်း ပြုမူခဲ့တာဖြစ်တယ်လို့ နည်းပြရှင်တေးယွမ်က ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

play

 

ဒီနေ့ညနေ (၆း၃၀) နာရီမှာ ဆွီဒင်အသင်းနဲ့ အုပ်စုအဖွင့်ပွဲ ကစားရမယ့် တောင်ကိုရီးယားအသင်းဟာ အုပ်စုတွင်းပြိုင်ဘက်တွေအဖြစ် မက္ကဆီကို၊ ဂျာမနီတို့ရဲ့ Group F မှာ ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားကစားသမားတွေဟာ ကျောနံပါတ်တွေကို လဲလှယ် ၀တ်ဆင်ခဲ့ကြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအကြိုမှာ ကစားခဲ့ကြပါတယ်။

play

 

"ဒါက ကျွန်တော့်ရဲ့ အမြင်သက်သက်ပါ၊ ဥရောပအသင်းတွေဟာ အာရှအသင်းတွေကို စောင့်ကြည့်နေမှာပါပဲ၊ ဒါက ကျွန်တော် အခုလိုပြုလုပ်ခဲ့တာအတွက် အကြောင်းပြချက်တစ်ခုပါပဲ၊ ဆွီဒင်အနေနဲ့ ဒီအပေါ်မှာ ဇဝေဇ၀ါတွေဖြစ်ဖို့ ကျွန်တော်မျှော်လင့်မိပါတယ်၊ ဒါကြောင့်လည်း ကျွန်တော် ဒီလိုတွေ ပြုလုပ်ခဲ့တာပါ" လို့ ရှင်တေးယွမ်က ပြောကြားသွားခဲ့ပါတယ်။

play

 

"ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေကို ကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာကို မသိစေချင်ပါဘူး၊ ကီဆန်ယောင် နဲ့ ဆွန်ဟောင်မင်တို့ကတော့ ပုံမှန်အတိုင်းပဲ ၀တ်ဆင်ကစားခဲ့ပေမယ့် တခြားကစားသမားတွေကို ပြောင်းလဲခဲ့တာပါ၊ နည်းပြတိုင်းဟာ သူတို့အသင်းကို အခြားပြိုင်ဘက်အသင်းတွေက လျှို့ဝှက်ထောက်လှမ်းနေတယ်လို့ ခံစားမိတာချည်းပါပဲ၊ ကျွန်တော်တို့လည်း အခြားအသင်းတွေကို လေ့လာမှုတွေပြုလုပ်ပြီး ပွဲကိုအနိုင်ရအောင် ကျွန်တော်တို့ ဖန်တီးနေတာပဲလေ၊ တခြားအသင်းတွေရဲ့ အခြေအနေကို နားလည်ဖို့ ဒီလိုလုပ်ဆောင်တာက သဘာဝပါပဲ"

 

ဆွီဒင်အသင်းဟာ တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်ခ်ျမပါဝင်ပဲ အဓိကပြိုင်ပွဲကြီးတွေကို ယူရို၂၀၀၀ ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ကစားရမှာဖြစ်ပြီး ဆွီဒင်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဟာ နိုင်ငံအသင်းက အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုရီးယားနည်းပြ ရှင်တေးယွမ်ကတော့ ဆွီဒင်ဟာ တိုက်စစ်ပိုင်းမှာ အားနည်းနေတယ်လို့ မခံစားရကြောင်း ပြောခဲ့ပါသေးတယ်။

play

 

"သူ (ဇလာတန်) သာ ပါဝင်ခဲ့မယ်ဆိုရင် သူတို့သွင်းဂိုးတွေ ရရှိမှာပါပဲ၊ ဒါပေမယ့် သူတို့ဟာ ခြေစစ်ပွဲအဆင့်မှာ ဇလာတန်မပါဝင်ပဲ အောင်မြင်အောင် စီမံနိုင်ခဲ့ပါတယ်၊ ဇလာတန်မပါဝင်ခဲ့လည်း သူတို့အသင်းဟာ တောင့်တင်းသန်မာတဲ့ အသင်းတစ်သင်းဖြစ်နေဆဲပါ" လို့ ရှင်တေးယွမ်က ပြောကြားသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD