AD
AD
AD

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ကမ္ဘာ့ဖလားအုပ်စု G အဖွင့်ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ ပနားမားအသင်းတို့ဟာ ဖစ်ရှ်အိုလံပစ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ဘယ်လ်ဂျီယံအသင်းနဲ့ ပနားမားအသင်းတို့ဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ခြေစမ်းပွဲတောင် မကစားခဲ့ဖူးတဲ့ အသင်းတွေဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာမှ ပထမဆုံး တွေ့ဆုံယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 

ဘယ်လ်ဂျီယံနဲ့ ပနားမားတို့ကြားက မှတ်တမ်းမှတ်ရာများ

play

 

ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် ၉ ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ထားပြီး ၅ ပွဲနိုင် ၃ ပွဲသရေရလဒ်ပိုင်ဆိုင်ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကတော့ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ မက်ဆီကိုအသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပနားမားအသင်းဟာ ၁၉၇၈ ခုနှစ်ကမ္ဘာ့ဖလားမှသာ စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ခြေစစ်ပွဲမအောင်မြင်ခဲ့ဘဲ ၂၀၁၈ ကမ္ဘာ့ဖလားမှသာ ပထမဆုံးအောင်မြင်ခဲ့တာဖြစ်ပါတယ်။

 

စောင့်ကြည့်ရမယ့်ကစားသမားများ

play

play

 

ဘယ်လ်ဂျီယံအသင်းရဲ့ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဘယ်လ်ဂျီယံအသင်းရရှိခဲ့တဲ့ သွင်းဂိုးတွေမှာ ၅၀ ရာခိုင်နှုန်းအထိ ပါဝင်ပတ်သက်ခဲ့သူဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်း ရရှိခဲ့တဲ့ ၆ ဂိုးမှာ ၂ လုံးဖန်တီးပေးပြီး ကိုယ်တိုင် ၁ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းရဲ့တိုက်စစ်မှူး လူကာကူကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲကာလတစ်လျှောက်မှာ ၁၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီး လီဝန်ဒေါစကီး(၁၆ ဂိုး)၊ ခရစ်စတီယာနိုရော်နယ်ဒို(၁၅ ဂိုး)တို့ရဲ့နောက်မှာ ရပ်တည်နေတာဖြစ်ပါတယ်။ ပနားမားအသင်းမှာတော့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပနားမားအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ဂက်ဘရီရယ်တောရက်စ်(၃ ဂိုး)နဲ့ အာရိုယို(၂ ဂိုး) တို့ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

 

ဘယ်လ်ဂျီယံ(3-4-3)- ကော်တိုရစ်(ဂိုး)၊ ဘိုရာတာ၊ အယ်ဒါဝီလ်၊ ဗာတွန်ဂန်၊ မူနီရာ၊ ဒီဘရိုင်း၊ ဝစ်ဆယ်၊ ကာရက်စ်ကို၊ မာတန်၊ ဟာဇက်၊ လူကာကူ။

play

 

ပနားမား(5-4-1)- ပင်နီဒို(ဂိုး)၊ တောရက်စ်၊ မာချာဒို၊ အက်စ်ကိုဘာ၊ မူရီလို၊ အိုဗယ်၊ ဂိုဒွိုင်း၊ ဂိုးမက်ဇ်၊ ဘာစီနက်၊ အေဗီလာ၊ တောရက်စ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD