AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ်)မှာ တူနီးရှားနဲ့အင်္ဂလန်အသင်းတို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စု G ဒုတိယပွဲစဉ်အဖြစ် ဗော်ဗိုဂရတ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

play

 

တူနီးရှားနဲ့အင်္ဂလန်အသင်းတို့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁ ကြိမ်သာတွေ့ဆုံခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလား အုပ်စုအဆင့်ပွဲစဉ်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာ အင်္ဂလန်က ၂-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ အာဖရိကအသင်းတွေနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်တွေမှာ ၁ ကြိမ်မှမရှုံးနိမ့်သေးဘဲ ၃ ပွဲနိုင် ၃ ပွဲသရေရလဒ် ပိုင်ဆိုင်ထားပါတယ်။

 

အင်္ဂလန်နဲ့ တူနီးရှားအသင်းတို့ကြားက မှတ်တမ်းမှတ်ရာများ

play

play

 

၂၀၁၈ ကမ္ဘာ့ဖလားဟာ အင်္ဂလန်အတွက် ၁၅ ကြိမ်မြောက်ဖြစ်ပြီး ၆ နှစ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ တူနီးရှားအသင်းရဲ့ နည်းပြ နဘီလ်မာလူးလ်ဟာ တူနီးရှားအသင်းအတွက် ၇၄ ပွဲကစားခဲ့ဖူးပေမယ့် ကမ္ဘာ့ဖလားတစ်ပွဲမှ မကစားခဲ့ဖူးပါဘူး။ တူနီးရှားအသင်းဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပွဲစဉ် ၁၂ ပွဲမှာ ဂိုးမပေးရတဲ့ပွဲစဉ် ၁ ပွဲသာရှိခဲ့ပြီး ယင်းပွဲစဉ်ကတော့ ၁၉၇၈ ကမ္ဘာ့ဖလားမှာ အနောက်ဂျာမနီအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်းနည်းပြများရဲ့ ပြောစကား

play

 

ခင်ဗျားအနေနဲ့ အတိတ်ကနေ သင်ခန်းစာယူရပါမယ်။ ဒါပေမယ့် အခု အင်္ဂလန်အသင်းက အဲဒီသင်ခန်းစာတွေနဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သွေးသစ်ကစားသမားတွေမို့လို့ပါ။ သူတို့တွေထဲက အများစုဟာ နိုင်ငံတကာပွဲစဉ် အနည်းငယ်သာ ကစားဖူးပါတယ်။ အနာဂတ်ကတော့ သူတို့ရဲ့ရှေ့မှာရှိနေပါတယ်။ အဲဒီတော့ သူတို့အနေနဲ့ ဖြစ်နိုင်တဲ့အရာကို စဉ်းစားရမှာပါ။ သူတို့မှာ ဆာလောင်မှုတွေ ရှိကြတယ်။ စိတ်ဆန္ဒတွေရော ရှိကြတယ်။ အရင်တုန်းက ကျွန်တော်တို့အသင်းမှာ ရှိခဲ့တဲ့ နည်းစနစ်ပိုင်ဆိုင်တဲ့ကစားသမားတွေထက် အကယ်ဒမီကနေ ထွက်လာတဲ့ ပိုကောင်းတဲ့ကစားသမားတွေ ကျွန်တော်တို့အသင်းမှာ ရှိနေပါပြီ။ အဲဒီတော့ အမှန်တကယ် စိတ်အားထက်သန်မိပါတယ်။

(အင်္ဂလန်နည်းပြဂါးရတ်ဆောက်ဂိတ်ရဲ့ ပြောစကား)

play

 

ကျွန်တော် အင်္ဂလန်နဲ့အိုက်စလန်အသင်းတို့ကစားတဲ့ပွဲကို သွားကြည့်ပြီး လေ့လာဆန်းစစ်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ရှင်းရှင်းပြောရမယ်ဆိုရင် အိုက်စလန်နဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝအာရုံမစိုက်မိခဲ့ပါဘူး။ အခု အဲဒီတုန်းက ကစားသမားတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က အပြောင်းအလဲဖြစ်သွားပါပြီ။ အင်္ဂလန်မှာ ကျွန်တော်တို့ မြင်တွေ့နေရတာတွေက အသင်းသစ် တစ်သင်းရောက်နေသလိုပါပဲ။ အခု အင်္ဂလန်အသင်းက ယူရို ၂၀၁၆ တုန်းက အင်္ဂလန်အသင်းထက် အများကြီး ပိုတောင့်တင်းနေပါပြီ။ အဲဒီတော့ အဲဒီအချိန်တုန်းကနဲ့ တူတော့မှာမဟုတ်ပါဘူး။ ဟယ်ရီကိန်းနဲ့ စတားလင်းတို့ဟာ ထူးချွန်တဲ့ကစားသမားတွေဆိုတာ ကျွန်တော်တို့ သိပါတယ်။ နည်းပြကလည်း သူတို့ရဲ့အရည်အသွေးကို သတိထားမိတဲ့အတွက် သူတို့ကို ရွေးချယ်ထားပါတယ်။ အင်္ဂလန်အသင်းမှာ မြန်ဆန်မှုအပိုင်းတော့ အားနည်းချက်မရှိပါဘူး။ အဲဒီအတွက် သူတို့အနေနဲ့ အစီအစဉ်အမျိုးမျိုးနဲ့ နည်းစနစ်အမျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဘယ်အစီအစဉ်ကိုပဲ ရွေးချယ်ပါစေ ကျွန်တော်တို့ကတော့ အဆင်သင့်ဖြစ်နေပါပြီ။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

 

အင်္ဂလန်(3-4-2-1)- ပစ်ဖို့ဒ်(ဂိုး)၊ စတုန်း၊ ဝေါ်ကာ၊ မက်ဂွိုင်းယား၊ အက်ရှ်လေယန်း၊ အယ်လီ၊ ဟန်ဒါဆင်၊ ထရစ်ပီယာ၊ လင်ဂတ်၊ စတားလင်း၊ ဟယ်ရီကိန်း။

play

 

တူနီးရှား(4-5-1)- မက်သ်လူသီ(ဂိုး)၊ ဘရွန်း၊ ဆိုင်ရန်ဘန်ယူဆက်ဖ်၊ မယ်ရီရာ၊ မာလူးလ်၊ ဖက်ခရီဒိုင်းဘန်ယူဆက်ဖ်၊ ခါအူဝီ၊ စကီရီ၊ စက်စီ၊ ဘာဒရီ၊ စလီတီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD