AD
AD
AD

ခရိုအေးရှားအသင်းနည်းပြ ဇလပ်ကိုဒါလစ်ဟာ အသင်းရဲ့တိုက်စစ်မှူး နီကိုလာကာလီနစ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် အိမ်ပြန်ပို့လိုက်ပြီလို့ Mirror သတင်းဌာနက ရေးသားထားပါတယ်။

play
play

 

ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့စနေနေ့ညက နိုင်ဂျီးရီးယားအသင်းနဲ့ ကမ္ဘာ့ဖလား ပထမဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အသင်းရဲ့တိုက်စစ်မှူး ကာလီနစ်ဟာ ဘလက်ဘန်းရိုဗာအသင်းမှာ ကစားခဲ့ဖူးပြီး ခရိုအေးရှားအသင်းရဲ့ နောက်ဆုံးနိုင်ငံတကာပွဲစဉ် ၄ ပွဲမှာ ပါဝင်ကစားပေးခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

play

 

နိုင်ဂျီးရီးယားအသင်းနဲ့ပွဲစဉ် ၈၅ မိနစ်မှာ ကာလီနစ်ကို လူစားဝင်ကစားဖို့ ညွှန်ကြားခဲ့ရာမှာ ကာလီနစ်က နောက်ကျောဒဏ်ရာပြဿနာကြောင့် လူစားဝင်ကစားဖို့ ငြင်းပယ်ခဲ့တာလို့ သိရပါတယ်။ ခရိုအေးရှားနည်းပြ ဇလပ်ကိုဒါလစ်ဟာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့တဲ့ ကာလီနစ်အစား မာကိုပီဂျာကာကို မန်ဇူကစ်နဲ့ လူစားထိုး ကစားစေခဲ့တာဖြစ်ပါတယ်။

play

 

ယနေ့ညနေမှာ ကျင်းပပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ နည်းပြဒါလစ်က ယခုအခြေအနေနဲ့ပတ်သက်ပြီး နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကာလီနစ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဖီအိုရင်တီးနားအသင်းကနေ အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ၆ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ ယခုနွေရာသီမှာ အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲကို ပြန်လည်ထိန်းညှိနိုင်ဖို့အတွက် ကာလီနစ်ကို ရောင်းချသွားမယ်လို့ ပြောကြားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD