AD
AD
AD

ဘယ်လ်ဂျီယံအသင်း နည်းပြ မာတီနက်ဇ်ဟာ ပေါင်ခြံ ဒဏ်ရာ ရရှိနေတဲ့အသင်းခေါင်းဆောင် ကွန်ပနီကို လက်မလွှတ်နိုင်ပဲ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုခေါ်ယူလာခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း ကစားသမားဟာ မသက်သာသေးပဲ အသင်းရဲ့ အုပ်စုပွဲစဉ်တွေကို ကစားဖို့ မဖြစ်နိုင်သေးဘူးလို့ သတင်းနဲ့အတူ အသင်းရဲ့ ပွဲ ကစားမယ့် လူစာရင်းမှာ မပါဝင်နိုင်သေးဘူးလို့လည်း သိရပါတယ်။

play

 

ကွန်ပနီမှာ ပြီးခဲ့တဲ့ နှစ်ပတ်က ပေါ်တူဂီအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာကတည်းက ပွဲမကစားနိုင်သေးတာ ဖြစ်ပြီး ယခု အုပ်စုပွဲစဉ်တွေ ကိုလည်း ဆက်လက်လွဲချော်အုံးမှာ ဖြစ်ပါတယ်။

play

 

" ကျွန်တော်တို့ရဲ့ ၂၃ ယောက် အပြီးသတ်စာရင်းကို ကြေညာခဲ့ပြီးပါပြီ။အခြားပြောင်းလဲမှုတွေ ပြုလုပ်တော့မှာ မဟုတ်ပါဘူး။" လို့ မာတီနက်ဇ် က ဆိုပါတယ်။

ဒါပေမယ့်လည်း မာတီနက်ဇ်အနေနဲ့ အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲအဖြစ် ကစားရမယ့် ပနားမားနဲ့ ပွဲမတိုင်မီ အသင်းကို ပြောင်းလဲ ပြင်ဆင် သွားဖို့ များနေတယ်လို့လည်း သတင်းထွက်ပေါ်လာပါတယ်။

" သူ့မှာ အခွင့်အရေးအများကြီး ရှိနေပါသေးတယ်။သူက အရမ်း အားထားရတဲ့ အပိုင်းပါပဲ။အဓိက ကတော့ သူ့ရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု တွေကြောင့်ပါ။" လို့ မာတီနက်ဇ်က လက်မလွှတ်နိုင်ရတဲ့ အကြောင်းကို ရှင်းပြခဲ့ပြန်ပါတယ်။

အခြားတစ်ဦးဖြစ်တဲ့ ဘာစီလိုနာ နောက်ခံလူ ဗာမေလန်ဟာလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းနဲ့ ပါဝင်နိုင်အုံးမှာ မဟုတ်ပဲ အသင်းနဲ့ အတူ ပါဝင်လာခဲ့ပါတယ်။

၎င်းတို့ နေရာမှာတော့ အမေရိကန် မေဂျာလိမ်မှ လောရန့် စီးမန်းကို အစားထိုး ထည့်သွင်းသွားဖို့ ရှိနေပြီး အခြားကစားသမားများအဖြစ် စပါးမှ ဗာတွန်ဂန်နဲ့ ဆဲလ်တစ်မှ ဒိုင်ယက်တို့ ရှိနေသေးတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံအသင်းမှာ ဒီကနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ပနားမားအသင်းနဲ့ အုပ်စုအဖွင့်ပွဲအဖြစ် ကစားရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD