AD
AD
AD

ပေါ်တူဂီပရိသတ်ကလေးငယ်တစ်ဦးဟာ နောက်ဆုံးအချိန် အံ့အားသင့်စရာတွေမကြုံရမီမှာ တစ်သက်မှာတစ်ခါ ကြုံတွေ့ခွင့်ရတဲ့ သူ့ရဲ့ဟီးရိုးနဲ့ လွဲချော်သွားပြီလို့ တွေးမိရင်း မျက်ရည်တွေ စီးကျခဲ့ပါတယ်။

play

 

ပေါ်တူဂီအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီပရိသတ်ကလေးငယ်တစ်ဦး လုံခြုံရေးတွေကို ကျော်ဖြတ်ပြီး ဘတ်စ်ကားနောက်တံခါးကို ရောက်ရှိလာချိန်မှာ ပေါ်တူဂီအသင်းဘတ်စ်ကားထိုင်ခုံနေရာမှာ ထိုင်နေနှင့်ပြီးသားဖြစ်ပါတယ်။ ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ မထင်မှတ်ထားတဲ့ ကြည်နူးဖွယ်အပြုအမူတစ်ခုကို ပြုလုပ်ခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်း နံပါတ် ၇ ဂျာစီဝတ်ထားတဲ့ ကလေးငယ်ကို ဆင်းတွေ့ခဲ့ပြီး လက်ဝါးချင်းရိုက်ခဲ့ပါတယ်။

play

 

ရော်နယ်ဒိုဟာ ပြီးတဲ့နောက်မှာတော့ ကလေးငယ်ကို ပွေ့ဖက်ခဲ့ပြီး ဓာတ်ပုံတွဲမရိုက်မီမှာ ကလေးငယ်ရဲ့ပါးပြင်က မျက်ရည်တွေကို သုတ်ပေးခဲ့တာကို တွေ့ရပါတယ်။ ဓာတ်ပုံရိုက်ပြီးတဲ့နောက်မှာတော့ ရော်နယ်ဒိုဟာ အေးအေးဆေးဆေးနဲ့ ဘတ်စ်ကားပေါ်ကို ပြန်တက်သွားခဲ့ပြီး ကလေးငယ်ဝတ်ဆင်ထားတဲ့ ၎င်းရဲ့ကျောနံပါတ်နဲ့ ပေါ်တူဂီဂျာစီပေါ်မှာ လက်မှတ်ထိုးပေးဖို့အတွက် မာကာပင်န်ကို တက်ယူခဲ့တာကို တွေ့ရပါတယ်။

play

 

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား မယှဉ်ပြိုင်မီတုန်းက ရုရှားကို ထွက်ခွာခါနီး ဟမ်ဘာတိုဒယ်ဂါဒိုလေဆိပ်မှာလည်း ချဉ်းကပ်လာတဲ့ ပရိသတ်ကလေးငယ်တစ်ဦးကို ဓာတ်ပုံအတူတွဲရိုက်ပေးခဲ့ပြီး အမှတ်တရလက်မှတ်ထိုးပေးခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD