AD
AD
AD

Group (G) ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ တူနီးရှားနဲ့အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းဟာ သူရဲကောင်းဖြစ်ခဲ့ပြီး သူ့ရဲ့နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်ကို အနိုင်ရရှိခဲ့ပြီး နောက်တဆင့် တက်ရောက်နိုင်ဖို့ အလားအလာကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

play

 

ပွဲချိန်အစောပိုင်းမှာပဲ အင်္ဂလန်အသင်းက ဂိုးသွင်းခွင့်ရရှိခဲ့ပြီး လင်ဂတ်ရဲ့ ဂိုးသွင်းမှုကို တူနီးရှားဂိုးသမား ဟန်ဆန်က ကာကွယ်နိုင်ခဲ့တာမို့ ထောင့်ကန်ဘောနဲ့သာ အင်္ဂလန်အသင်း ကျေနပ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် (၁၁) မိနစ်မှာတော့ ထောင့်ကန်ဘောကတဆင့် တူနီးရှားဂိုးသမား ပုတ်ထုတ်ရာက ပြန်ကျလာတဲ့ ဘောလုံးကို ဟယ်ရီကိန်းက အလိုက်သင့်လေး ပိတ်သွင်းယူနိုင်ခဲ့လို့ အင်္ဂလန်အသင်း ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

play
ဦးဆောင်ဂိုး သွင်းယူနေတဲ့ ဟယ်ရီကိန်း

 

အင်္ဂလန်အသင်းဟာ ဒီနေ့ပွဲစဉ်မှာ တူနီးရှားအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက ဂိုးသွင်းခွင့်လည်း အမြောက်အမြား ရရှိခဲ့ပါတယ်။ အင်္ဂလန်အတွက် ကံဆိုးခဲ့သူက လင်ဂတ်ဖြစ်ပြီး သူ့ရဲ့ အပိုင်ပိတ်သွင်းယူမှုတွေကို ဂိုးသမားက ကာကွယ်နိုင်ခဲ့သလို တိုင်ထိထွက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အပိုင်အခွင့်အရေးတွေကို ကန်သွင်းရာမှာလည်း လင်ဂတ်ဟာ လွဲချော်မှုတွေ ရှိခဲ့ပြီး ဂိုးမရရှိခဲ့တာ ဖြစ်ပါတယ်။

play
တူနီးရှားအသင်း ပယ်နယ်တီကန်သွင်းနေစဉ်

 

ဂိုးပေးလိုက်ရပြီးနောက် တူနီးရှားအသင်းဟာ ချေပဂိုးပြန်လည်ရရှိဖို့ ကြိုးစားလာခဲ့ပြီး (၃၅)မိနစ်မှာ အင်္ဂလန်အသင်း ဂိုးဧရိယာထဲ ဝေါ်ကာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် တူနီးရှားတို့ ပယ်နယ်တီရရှိခဲ့ပြီး ဆာဆီက အပိုင်ကန်သွင်းယူခဲ့လို့ ချေပဂိုးရရှိခဲ့ပါတယ်။ ဒီချေပဂိုးဟာ အင်္ဂလန်ကို ဖိအားဝင်စေခဲ့ပြီး ဂိုးရရှိဖို့ ပြန်လည်ကြိုးစားရာမှာ အင်္ဂလန်အသင်း လောကြီးမှုတွေ၊ လွဲချော်မှုတွေသာ ဖြစ်ခဲ့ပါတယ်။

play
ဒိုင်လူကြီးကို စောဒကတက်ခဲ့သည့် အင်္ဂလန်အသင်းသားများ

 

အင်္ဂလန်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အနိုင်ဂိုးရရှိဖို့ ခက်ခဲခဲ့ပြီး ရက်ဖို့ဒ်၊ လော့တပ်ချိခ်တို့ကို ထည့်သွင်းကာ တိုက်စစ်မြှင့်တင်ခဲ့ပါတယ်။ အင်္ဂလန်တိုက်စစ်ပိုင်း နားလည်မှုတွေ လွဲမှားနေခဲ့ပြီး အချိတ်အဆက်မမိခဲ့တာကြောင့် ပွဲပြီးဆုံးခါနီးထိ ဂိုးမရရှိခဲ့ပဲဖြစ်နေခဲ့ပြီး သရေနဲ့သာ ကျေနပ်ရတော့မလို ဖြစ်ခဲ့ပါတယ်။

play
အဖိုးတန်အနိုင်ဂိုးကို ဟယ်ရီကိန်း ခေါင်းတိုက်သွင်းခဲ့စဉ်

 

play
အောင်ပွဲခံနေသည့် အင်္ဂလန်အသင်းသားများ

 

နာကျင်အချိန်ပိုမှာတော့ ထောင့်ကန်ဘောကတဆင့် မက်ဂွီးရဲ့ ခေါင်းတိုက်ချက်ကို ဂိုးနားမှာ အသင့်ရှိနေတဲ့ ဟယ်ရီကိန်းက ထပ်ဆင့်ခေါင်းတိုက်ပြီး အပိုင်သွင်းယူနိုင်ခဲ့တာမို့ အင်္ဂလန်တို့ အဖိုးတန်နိုင်ပွဲ ရရှိခဲ့ပြီး အုပ်စု (G) မှာ ဘယ်လ်ဂျီယံအသင်းနဲ့ အမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD