AD
AD
AD

ဆွစ်ဇာလန်အသင်းနဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားမှုကို ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ မနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ Sky Sports က ဖော်ပြလိုက်ပါတယ်။ နေမာဟာ အသင်းတည်းခိုရာ ဟိုတယ်မှာပဲ ရှိနေခဲ့ပြီး အားကစားရုံမှာ ကာယပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကို ပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။

play

 

နေမာနဲ့အတူ ပေါ်လင်ဟို၊ သီယာဂိုဆေးဗားလ်တို့ ရှိနေခဲ့ပြီး အခြားသော ကစားသမား (၂၀)ဦးကတော့ ပုံမှန်လေ့ကျင့်ခန်းကို အပြည့်အ၀ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးနေမာကတော့ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပြီး ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ပွဲမှာ (၁၀)ကြိမ်တိတိ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာ ဖြစ်ပါတယ်။

play

 

နေမာရဲ့ ပြစ်ဒဏ်ကျူးလွန်ခံရမှုဟာ နှစ်ပေါင်း (၂၀)အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ခုမှာ အကြိမ်အရေအတွက် အများဆုံး ကျူးလွန်ခံခဲ့ရတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ နေမာဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ပွဲချိန်အတွင်းမှာ ထော့နဲ့ထော့နဲ့ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါသေးတယ်။

play

 

ဘရာဇီးလ်နည်းပြ တီထီကလည်း နေမာဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိဘူးလို့ ဆွစ်ဇာလန်နဲ့ပွဲမတိုင်ခင်မှာ ပြောကြားခဲ့ပေမယ့် နေမာကို ပွဲချိန်အစအဆုံး အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။ နေမာကတော့ မာဆေးလ်နဲ့ ကစားခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ပွဲစဉ်မှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လည်သက်သာလာဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။

play

 

ဘရာဇီးလ်ကတော့ နောက်ထပ်ပွဲစဉ်အဖြစ် ကော်စတာရီကာအသင်းနဲ့ သောကြာနေ့မှာ ကစားရမှာဖြစ်ပြီး နိုင်ပွဲရယူနိုင်မှသာ နောက်တဆင့်တက်ရောက်ဖို့အတွက် အခွင့်အရေးကောင်းကို ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD