AD
AD
AD

အီဂျစ်တိုက်စစ်မှူး ဆာလာအနေနဲ့ ဥရုဂွေးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အရံခုံမှာ ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း လူစား ၀င်ကစားခွင့်မရခဲ့ပေ။

play

 

ဒါပေမယ့်လည်း အုပ်စုဒုတိယပွဲအဖြစ် ကစားရမယ့် အိမ်ရှင် ရုရှားနဲ့ပွဲကို ပါဝင်နိုင်ဖို့အတွက်ကိုတော့ ကြံ့ခိုင်မှု ကောင်းနေပြီလို့ သိရပါတယ်။

play

 

“ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရရှိနေပြီလို့ ယုံကြည်ပါတယ်။ပြီးခဲ့တဲ့ပွဲကတည်းက သူကြံ့ခိုင်နေပြီလို့ ကျွန် တော်တို့ သိထားပါတယ်။ဒါပေမယ့်လည်းနောက်ဆုံးတစ်ကြိမ်စစ်ဆေးမှုကိုတော့ ပြုလုပ်သွားရပါမယ်။” လို့ အီဂျစ် နည်းပြ ဟတ်တာကူးပါးက ပြောပါတယ်။

အီဂျစ်အသင်းအနေနဲ့ အဖွင့်ပွဲမှာ ဥရုဂွေးကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားလို့ ယခုတစ်ကြိမ် အိမ်ရှင်နဲ့ ကစားရမယ့် ပွဲစဉ် မှာ နောက်တစ်ဆင့် တက်ရေး အရေးအကြီးဆုံး ပွဲဖြစ်နေတာကြောင့်လည်း မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ် နေပါတယ်။

ဆာလာအနေနဲ့ အသင်းအတွက် ပွဲထွက်လာဖို့ ရှိမရှိကတော့ အဆိုပါ ပွဲကစားမယ့် ဇွန်လ ၂၀ ရက်နေု့ နံနက် ၁၂ နာရီခွဲအချိန်ကို စောင့်ကြည့်သွားရတော့မှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD