AD
AD
AD

ကိုလံဘီယာအသင်းရဲ့ အဓိကကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ထိန်းချုပ်နိုင်မှသာ ဂျပန်အသင်း ရလာဒ်ကောင်းရယူနိုင်မှာဖြစ်တယ်လို့ ဂျပန်နည်းပြ အကီရာနီရှီနိုက ပြောကြားလိုက်ပြီး ဂျိမ်းစ်ကို ထိန်းချုပ်နိုင်ဖို့ ဂျပန်အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ ကိုလံဘီယာနဲ့ ဂျပန်အသင်းတို့ဟာ ဒီနေ့ညနေ မြန်မာစံတော်ချိန် (၆း၃၀) နာရီမှာ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

play
၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် ဂျပန် နဲ့ ကိုလံဘီယာ တွေ့ဆုံခဲ့စဉ်

 

ဂျပန်နည်းပြ နီရှီနိုက သူ့အသင်းသားတွေဟာ ဂျိမ်းစ်ကို ထိန်းချုပ်နိုင်မယ်ဖို့ အားအင်စိုက်ထုတ်မှုတွေ ပြုလုပ်နိုင်မယ်လို့ Group H အဖွင့်ပွဲစဉ်မတိုင်မီမှာ ပြောကြားသွားခဲ့ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအတွက် (၆)ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

play
ဂျပန်နည်းပြ နီရှီနို

 

ကိုလံဘီယာအသင်းရဲ့ တောင်အမေရိကဇုန်ခြေစစ်ပွဲတွေမှာလည်း ဂျိမ်းစ်ဟာ အသင်းအတွက် ပွဲအားလုံးကို ပါဝင်ကစားပေးခဲ့ပြီး လေးကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ Group H မှာတော့ ဂျပန်၊ ကိုလံဘီယာ၊ ဆီနီဂေါ နဲ့ ပိုလန်အသင်းတို့ အတူတူကျရောက်နေပြီး ဒီနေ့ ည (၉း၃၀)နာရီမှာ ပိုလန် နဲ့ ဆီနီဂေါအသင်းတို့လည်း ကစားကြမှာ ဖြစ်ပါတယ်။

play
ဂျိမ်းစ်ရိုဒရီဂွက်ဇ် နဲ့ ဂျပန်ကစားသမားတို့ ရင်ဆိုင်အတွေ့

 

"ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ကိုလံဘီယာအသင်းရဲ့ အမှတ်သင်္ကေတပါပဲ၊ သူ့ကို ထိန်းချုပ်နိုင်ဖို့က ခက်ခဲပါတယ်၊ သူ့ကို ထိန်းချုပ်နိုင်ဖို့ တစ်သင်းလုံးက အာရုံစိုက်သွားမှာပါ၊ သူ့ကို ဘယ်လိုအခွင့်အရေးမှ မပေးမိဖို့ လိုအပ်ပါတယ်၊ သူက ကွင်းထဲမှာ နေရာအနှံ့ကစားနေမှာပါ၊ ဒါကြောင့် သူ့ကို ထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင် တစ်သင်းလုံး ကြိုးစားအားထုတ်မှ ရပါလိမ့်မယ်" လို့ ဂျပန်နည်းပြ နီရှီနိုက ပြောကြားသွားခဲ့ပါတယ်။

play
၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွင် ဂျိမ်းစ် ဂျပန်အသင်းဘက်သို့ ဂိုးသွင်းယူနေစဉ်

 

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကိုလံဘီယာ နဲ့ ဂျပန်တို့ဟာ အုပ်စု (ဂ)မှာ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြပြီး ကိုလံဘီယာအသင်းက ဂျပန်အသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က အနိုင်ဂိုးတစ်ဂိုးကို ပွဲချိန် (၈၉) မိနစ်မှာ သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD