AD
AD
AD

သြစတြေးလျအသင်းရဲ့ လူငယ်ကစားသမား ဒန်နီရယ် အာဇာနည်မှာ အနာဂတ်ကောင်းရှိနေတယ်လို့ အသင်းနည်းပြ မိုက်ကယ်ဂျာကော့ဆန်က ရုတ်တရက် ထုတ်ဖော်ပြောလိုက်ပါတယ်။

play

 

အာဇာနည်မှာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး သြစတြေးလျလိဂ် မဲလ်ဘုန်းစီးတီးအသင်းမှ နယ်သာ လန် အေလိဂ်ကို ပြောင်းရွှေ့ကစားနေပါတယ်။

play

 

အဆိုပါ တောင်ပံ ကစားသမားမှာ ယခုနှစ်သြစတြေးလျအသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်လာခဲ့သူ ဖြစ်ပြီး ယခုပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ကစားလည်း ဖြစ်ပါတယ်။

play

 

အဖွင့်ပွဲအဖြစ် ပြင်သစ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ အရံကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အဆိုပါပွဲမှာ ပြင်သစ် က ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

၎င်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နည်းပြ ဂျာကော့ဆန်က -“ အရိုးသားဆုံး ထုတ်ဖော်ပြောတာ ဖြစ်ပါတယ်။ သူ့မှာ ရှိတဲ့ အရည်အချင်းအချို့ကို အသင်းမှာ အခြားကစားသမားတွေ ပိုင်ဆိုင်ထားတာ မတွေ့ရပါဘူး။ အရမ်းကောင်းပါတယ်။ဒါပေမယ့် လေ့လာဖို့တော့ အချိန်အများကြီးရှိနေပါသေးတယ်။” လို့ ပြောခဲ့ပါတယ်။

အာဇာနည်ဟာ ပြင်သစ်ကိုရှုံးခဲ့တဲ့ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အပါအ၀င် နိုင်ငံအသင်းအတွက် ၃ ပွဲပါဝင် က စားပေးထားသူဖြစ်ပြီး ၈၄ မိနစ်မှာ မှာ လူစားဝင်ခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဒိန်းမတ် ကစားသမားဟောင်းလည်း ဖြစ်တဲ့ နည်းပြ ဂျာကော့ဆန်က မှတ်ချက် ပေးခဲ့တာ ဖြစ်ပြီး အနာဂတ်မှာ ထွန်းတောက်လာအုံးမလားဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD