AD
AD
AD

ဒီနေ့ ညနေ (၆း၃၀) မှာတော့ ကမ္ဘာ့ဖလား အုပ်စု (H) ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ကိုလံဘီယာ နဲ့ ဂျပန်အသင်းတို့ ရင်ဆိုင်ကြတော့မှာ ဖြစ်ပါတယ်။ ကိုလံဘီယာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဂျပန်အသင်းကတော့ အုပ်စုအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပြီး သူတို့နှစ်သင်းဟာ ၂၀၁၄ မှာလည်း တစ်အုပ်စုတည်း ကျရောက်နေခဲ့ပြီး ကမ္ဘာ့ဖလား (၂)ကြိမ်ဆက်တိုက် အုပ်စုအဆင့်မှာ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ နှစ်သင်းရဲ့ပွဲရလာဒ်အတွက် ပွဲကြိုအထောက်အကူပြု အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

အချက်အလက်များ

play

 

- ကိုလံဘီယာအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး (၆)ပွဲ က (၅)ပွဲမှာ နှစ်သင်းပေါင်းသွင်းဂိုးဟာ ၂.၅ဂိုးထိ ရှိခဲ့

- ဂျပန်အသင်းကလည်း ကမ္ဘာ့ဖလားနောက်ဆုံး (၃)ပွဲဆက် နှစ်သင်းပေါင်းသွင်းဂိုး ၂.၅ဂိုးထိ ရှိခဲ့

- ကိုလံဘီယာအသင်းဟာ နောက်ဆုံး (၇)ပွဲမှာ နိုင်ပွဲ (၁)ပွဲသာ ရှိခဲ့

- ဂျပန်အသင်းရဲ့ နောက်ဆုံး (၇)ပွဲမှာ နိုင်ပွဲ (၂)ပွဲသာ ရှိခဲ့

- ဂျပန်အသင်း နောက်ဆုံးနိုင်ပွဲဟာ တောင်အမေရိကအသင်း ပါရာဂွေးဖြစ်ပြီး ခြေစမ်းပွဲမှာ (၄-၂) နဲ့ အနိုင်ရခဲ့

- ဂျပန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိကအသင်းတွေကို တစ်ကြိမ်မှ အနိုင်မရဖူးပဲ (၃)ပွဲရှုံး၊ (၁)ပွဲသရေသာ ရခဲ့

- ကိုလံဘီယာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၁၈)ပွဲအထိ ဂိုးမရရှိဖူးခဲ့

- ဂျပန်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲ (၅)ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့

- ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာအသင်းရဲ့ နောက်ဆုံး (၁၀)ပွဲမှာ (၈) ဂိုးအထိ ပါဝင်ပတ်သက်ခဲ့

- ဂျပန်ကွင်းလယ်တိုက်စစ်သမား ဟွန်ဒါကတော့ ဂျပန်အသင်းရဲ့ ကမ္ဘာ့ဖလားပွဲ (၂) ကြိမ်မှာ သွင်းဂိုး (၅)ဂိုးအထိ ပါဝင်ပတ်သက်ခဲ့

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

- သမိုင်းတစ်လျှောက် (၃) ကြိမ် တွေ့ဆုံဖူးပြီး ကိုလံဘီယာက (၂)ပွဲနိုင်( ၁)ပွဲသရေကျကာ ရှုံးပွဲမရှိထား

ကိုလံဘီယာ ၄-၁ ဂျပန် (၂၀၁၄ ကမ္ဘာ့ဖလား)

ကိုလံဘီယာ ၀-၀ ဂျပန် (၂၀၀၇ ကီရင်ဂျပန်ဖလား)

ကိုလံဘီယာ ၁-၀ ဂျပန် (၂၀၀၃ ကွန်ဖက်ဒရေးရှင်းဖလား)

 

 

ဖြစ်နိုင်ဖွယ် လူစာရင်း

play

 

ဒဏ်ရာရ/ပွဲပယ်

play

 

- ကိုလံဘီယာကစားသမား မိုဂျီကာ ဒူးဒဏ်ရာရရှိနေ

- ဂျပန်တိုက်စစ်မှူး အိုကာဇာကီ ခြေသလုံးကြွက်သားဒဏ်ရာရရှိထား

 

ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်

play

 

ကိုလံဘီယာကို သဘောကျပါတယ်၊ သူတို့တွေ ကောင်းကောင်းလုပ်ပြနိုင်မှာပါ၊ ကိုလံဘီယာဟာ ရှုံးထွက်အဆင့်မှာ အင်္ဂလန်နဲ့တွေ့ဆုံဖို့ များနေပြီး သူတို့တွေ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲဆိုတဲ့အပေါ် မူတည်နေခဲ့ပါတယ်၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲကို သူတို့တွေ အနိုင်ယူသွားမှာပါ၊ သူတို့ဟာ ဘရာဇီးလ်ရဲ့နောက်မှာ ရပ်တည်နိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာလည်း ဖြစ်တယ်၊ ပြီးတော့ ပွဲအများအပြားလည်း ကစားထားတဲ့ အတွေ့အကြုံရှိပါတယ်။

 

ပေါလ်မာဆွန် ဂိုးရလာဒ် ခန့်မှန်းမှု

 

ကိုလံဘီယာ ၂-၀ ဂျပန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD