AD
AD
AD

ဥရုဂွေးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ကာဗာနီဟာ လီဗာပူးအသင်းနဲ့ အီဂျစ်လက်ရွေးစင်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာနဲ့ ပြီးခဲ့တဲ့သောကြာနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘာကြောင့် ဂျာစီအပြန်အလှန်လဲလှယ်ခဲ့ရလဲဆိုတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Soccerladuma က ရေးသားထားပါတယ်။

play
Photos: Joe

 

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမက်ဆာလာဟာ ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့် ဥရုဂွေးအသင်းနဲ့ကစားခဲ့တဲ့ အီဂျစ်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်မရခဲ့ဘဲ အရန်ခုံကနေသာ ကြည့်ရှုခဲ့ရသူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး ကာဗာနီက ပွဲပြီးဆုံးချိန်မှာ မိုဟာမက်ဆာလာဆီကို သွားရောက်ပြီး ဂျာစီချင်း လဲလှယ်ခဲ့တာနဲ့ပတ်သက်ပြီး ခိုင်မာတဲ့အကြောင်းပြချက်တစ်ခုရှိကြောင်း ပြောကြားခဲ့ပါတယ်။

"ဆာလာရဲ့ဂျာစီကို ကျွန်တော့်ကလေးတွေအတွက် လက်ဆောင်ပေးဖို့ ယူခဲ့တာပါ။ ကျွန်တော့် ကလေးတွေက သူ့ကို ကြယ်ပွင့်ကစားသမားတစ်ယောက်အနေနဲ့ မြင်နေကြတာပါ"လို့ ပြောကြားခဲ့ပါတယ်။

play
Photos: Fotmob

 

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ ပြီးခဲ့တဲ့သောကြာနေ့က ဥရုဂွေးအသင်းရဲ့စွမ်းဆောင်ရည်ဟာ ပုံမှန်အဆင့်အတန်းမှာ မရှိခဲ့ကြောင်း ဝန်ခံခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ဆိုရင် ယခုထက် ပိုမိုတိုးတက်အောင် ပြုလုပ်ဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

"သရေရလဒ်သာ ထွက်ပေါ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် ခါးသီးတဲ့အရသာတစ်ခု ကျန်ရစ်စေခဲ့မှာပါ။ ဘာကြောင့်လဲဆိုတော့ ဥရုဂွေးအသင်းက အနိုင်နဲ့ထိုက်တန်လို့ပါ"

"ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့တယ်။ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုရင်တောင်မှပေါ့။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ အားလုံးခံစားလိုက်ရတာက ဘောလုံးက ဂိုးပိုက်ထဲကို ဝင်ချင်ပုံမရဘူးဆိုတဲ့ ခံစားချက် အကုန်လုံးတွေးလိုက်မိပါတယ်"

"ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒါက ဖြစ်ခဲ့တဲ့အရာပါ။ ကျွန်တော်တို့မှာ တိုးတက်အောင်ပြုလုပ်ရမယ့်အရာတွေ ရှိနေတယ်လို့ သိနေကြပေမယ့် ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ အခု ကျွန်တော်တို့ အနားယူနေပြီး ဗုဒ္ဓဟူးနေ့အတွက် စဉ်းစားနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD