AD
AD
AD

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွေမှာ ယခုနှစ်မှာ ချနပ်ီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဘရာဇီးက ဆွစ်ဇာလန်နဲ့ သရေ ကျခဲ့ပြီး ဒုတိယနေရာက ရေပန်းစားနေတဲ့ လက်ရှိချန်ပီယံ ဂျာမနီက မက္ကဆီကိုကို ရှုံးနိမ့်ခဲ့ပါတယ်။

play

 

ဆက်လက်ပြီး အာဂျင်တီးနားအသင်းကလည်း အိုက်စလန်အသင်းကို သရေကျခဲ့တာကြောင့် ပရိသတ် တွေ အံ့သြစရာ ဖြစ်ရပ်တွေ ဖြစ်ခဲ့ရပါတယ်။

play

 

ဒီလို ဒိတ်ဒိတ်ကြဲ ၃ နိုင်ငံစလုံး ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ နိုင်ပွဲပျောက်ဆုံးခဲ့ရမှုဟာ ကမ္ဘာ့ဖလား သမိုင်းမှာ ပ ထမဆုံး ဖြစ်ရပ် ဖြစ်လာခဲ့တာကြောင့်လည်း ဘာတွေမှားယွင်းခဲ့လို့ အခုလို နိုင်ပွဲတွေ ပျောက်ဆုံးခဲ့ရလဲဆို တာလေ့လာကြည့်ချင်ပါတယ်။

play

 

အာဂျင်တီးနား ၁-၁ အိုက်စလန်
----------------------------------

၂၅ မိနစ်မှာ အာဂျင်တီးနားပင်နယ်တီအခွင့်အရေးရခဲ့ပြီး မက်ဆီက ၀င်အောင်မကန်နိုင်ခဲ့တာက ဒီပွဲရဲ့  ရလဒ်ကို ပြောင်းစေတယ်လို့ ဆိုရပါမယ်။ နည်းစနစ်ပိုင်းအရ မက်ဆီကို အိုက်စလန်ကစားသမားတွေ အနည်းဆုံး ၂ ယောက်ကပ်ကစားခဲ့တာကိုတွေ့ရမှာ ဖြစ်သလို မက်ဆီကလည်း ပြစ်ဒဏ်ဘောတွေကို တည့်မတ်အောင် မကန်သွင်းနိုင်ခဲ့ပြန်ပါဘူး။ တစ်ချိန်တည်းမှာပင် အိုက်စလန်အသင်းရဲ့ တန်ပြန်တိုက်စစ် ကိုခုံခံတဲ့နေရာမှာလည်း အာဂျင်တီးနားနောက်တန်းတွေ ဖရိုဖရဲ ဖြစ်ခဲ့တာတွေ ရှိပါတယ်။နောက်တစ်ချက် ကနည်းပြ ဆမ်ပါအိုလီရဲ့ ၀မ်းတူး ကစားကွက်တွေကို အိုက်စလန်က မမှုခဲ့ပြန်ပါဘူး။ နောက်ခံလူတွေက ကိုက် ၃၀ လောက်ကနေ ကန်သွင်းဖို့သာ ကြိုးပမ်းနေရပြန်ပါတယ်။တိုက်စစ်လိုအပ်နေချိန်မှာ နောက်တန်း ကို ၄ ယောက်အထိထားကစားနေခဲ့တာကလည်း အာဂျင်တီးနားအသင်းကို ဂိုးရဖို့ ခက်ခဲစေခဲ့တာကို မြင်တွေ့ရပြန်ပါတယ်။ဂိုးသမားကလည်း မနှစ်က ပရီးမီးယားလိဂ်မှာ ၃ပွဲသာ ပါဝင်ကစားခွင့်ရထားခဲ့တဲ့ ကာဘယ်လာရိုလို ကစားသမားမျိုးကို အသုံးပြုထားရတာကလည်း အားနည်းချက်တစ်ခု ဖြစ်ခဲ့စေပြန်ပါတယ်။ဒုတိယပွဲကတော့ ခရိုအေးရှားနဲ့ ကစားရမှာဖြစ်ပြီး သတိကြီးရပါတော့မယ်။ ယခုတစ် ပတ်အတွင်း အာဂျင်တီးနားရဲ့ လေ့ကျင့်ရေးကွင်းမှာလည်း နောက်တန်းကစားကွက်ကို အများဆုံး လေ့ ကျင့်နေတာတွေ့ရတယ်လို့လည်း မီဒီယာတွေက ရေးသားနေပါတယ်။ဒီတစ်ကြိမ်မှာတော့ မက်ဆီအနေနဲ့ ပင်နယ်တီမ၀င်ထားတဲ့ အရိပ်ဆိုးကို မဖြစ်မနေချေဖျက်ပြဖို့လိုနေပြီး နောက်တစ်ဆင့်တက်ဖို့ဆိုရင် ဖောင် ဖျက်ကစားရတော့မှာပါ။

play

 

ဂျာမနီ ၀-၁ မက္ကဆီကို
------------------------

ဂျာမနီအသင်းနဲ့ပွဲမှာ မက္ကဆီကိုရဲ့ အင်တိုက်အားတိုက် ကစားဟန်က အသင်းကို အနိုင်ရစေတဲ့ အဓိက ကစားဟန်ဖြစ်ခဲ့သလို အဝေးဘော ကစားဟန်ကြောင့်လည်း ဂျာမနီ အခက်တွေ့ခဲ့ရပါတယ်။ ဂျာမနီ အတွက် ညာခြမ်း ဖြတ်တင်ဘောတွေ လမ်းမရှိတော့တဲ့နောက် သိသာစွာ လျော့ကျခဲ့တာကလည်း အား နည်းချက်လို ဖြစ်ခဲ့ရပြီး စုပြုံခုခံထားတဲ့ အလယ်ခံစစ်ရိုးကို ပြုံတိုးနေခဲ့တာကလည်း အချိန်ကုန်တာပဲ အ ဖတ်တင်ခဲ့ပါတယ်။ရပ်ကစားနေခဲ့တဲ့ အိုလ်ဇေးကလည်း ညာနောက်ခံလူ ကင်မစ်ရှ်ကိုအကူပေးခိုင်းထား လို့ ဖြစ်တယ်လို့ နည်းပြ ကဖြောင့်ချက်ပေးခဲ့သလို မကြာခဏ ရှေ့အထိ တက်နေခဲ့တဲ့ ဗဟိုနောက်ခံလူ ဘိုတန်ကလည်း မမှားဘူးလို့ ဆိုခဲ့ပြန်ပါတယ်။နောက်ပွဲစဉ်ကတော့ ဆွီဒင်နဲ့ တွေ့မှာ ဖြစ်ပြီး မဖြစ်မနေ အနိုင်ကစားရပါမယ်။နောက်တစ်ဆင့်တက်ချင်ရင်တော့ စာရွက်ပေါ်ကအချက်အလက်တွေက ဂျာမနီကို မကူညီနိုင်တော့ပါဘူး။တစ်ကယ်လုပ်ပြရမယ့်အချိန်ရောက်နေပါပြီ။

play

 

ဘရာဇီး ၁-၁ ဆွစ်ဇာလန်
---------------------------

ဘရာဇီးကတော့ ဒီအုပ်စုမှာ စုဖွဲ့မှု ကောင်းကောင်းနဲ့ ပြိုင်ဖက်တွေကို ဦးဆောင်ကစားသွားမှာပဲလို့ အများ ကထင်ထားပေမယ့်လည်း လက်တွေ့ကျ ဖြစ်မလာခဲ့ပါဘူး။ကော်တင်ဟိုရဲ့ ဂိုးဧရိယာစပ်က ကန်သွင်းချက် လောက်သာ တစ်ပွဲလုံးမှာ ရသမြောက်သွင်းဂိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။ထပ်မံပြီး ဖိအား ပေးတိုက်စစ်ကစားခဲ့ပေမယ့်လည်း နောက်ထပ်ဂိုးတော့ မရခဲ့ပါဘူး။နေမာကို အဓိက အားပြု ကစားခဲ့တာက ဘရာဇီးအတွက် အဓိက မဟာအမှားလို့ ဆိုရမှာ ဖြစ်ပြီး ဆွစ်ဇာလန်အသင်းက နေမာကို အကြိမ်တိုင်းမှာ ခပ်မာမာ တုံ့ပြန်ကစားနေခဲ့ပါတယ်။ဒါကြောင့်လည်း နေမာဟာ ပြစ်ဒဏ်ဘောတွေ မကြာ ခဏကျူးလွန်ခြင်းခံခဲ့ရပြီး တစ်ပွဲတည်းမှာပင် ၁၀ကြိမ်အထိ ကျူးလွန်ခံခဲ့ရပါတယ်။ဒီ မှတ်တမ်းဟာ နှစ်ပေါင်း ၂၀အတွင်းပထမဆုံးသော ကစားသမားတစ်ဦးက တစ်ပွဲတည်းမှာ အကြိမ်အများဆုံး ပြစ်ဒဏ် ကျူးလွန်ခံရတဲ့ အကြိမ်ရေပဲ ဖြစ်ပါတယ်။ဒီအခြေအနေကို နည်းပြ တီထီက ကာကွယ်ပေးမှု မပြုနိုင်ခဲ့တာကလည်း ရလဒ်ကို မကောင်းစေခဲ့တာ ပါဝင်ပါတယ်။ပွဲချိန်အတွင်း ပင်နယ်တီ ပြစ်ဒဏ်ဘော ရမယ့် အခွင့်အရေးကိုလည်း လစ်လျူရှုခံခဲ့ရပါတယ်။ နောက်တစ်ပွဲကတော့ ကော်စတာရီကာနဲ့ ကစားရမှာ ဖြစ်ပြီး မဖြစ်မနေ အနိုင်ကစားဖို့ လိုသလို ဂိုးများများ သွင်းဖို့လည်း လိုနေပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD