AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်)မှာ ကမ္ဘာ့ဖလားအုပ်စု A ပွဲစဉ်အဖြစ် ရုရှားနဲ့ အီဂျစ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး အိမ်ရှင်ရုရှားအသင်းက လက်ရှိအချိန်မှာ ၃ မှတ်ရရှိထားပြီး အီဂျစ်အသင်းက ၁ မှတ်မှ မရရှိသေးပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ရုရှားနဲ့အီဂျစ်တို့ရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်ပထမဆုံးတွေ့ဆုံမှုဖြစ်။

 

ရုရှားနဲ့ အီဂျစ်အသင်းတို့ကြားက မှတ်တမ်းမှတ်ရာများ

play

play

 

အီဂျစ်အသင်းက ကမ္ဘာ့ဖလားမှာ ဥရောပပြိုင်ဘက်တွေကို တစ်ခါမှအနိုင်မရခဲ့(၂ ပွဲရှုံး၊ ၂ ပွဲသရေ)

ရုရှားက ဆော်ဒီကို ၅-၀ နဲ့ အနိုင်ရခဲ့တာဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ ဒုတိယသွင်းဂိုးအများဆုံးအိမ်ရှင်ဖြစ်စေခဲ့။

အီဂျစ်အသင်းက နောက်ဆုံးကမ္ဘာ့ဖလား ၃ ပွဲစလုံး ဂိုးမသွင်းနိုင်ခဲ့။ နောက်ဆုံးသွင်းယူခဲ့တဲ့ဟာ ၁၉၉၀ ကမ္ဘာ့ဖလား နယ်သာလန်နဲ့ပွဲစဉ်။

ဂိုလိုဗင်ဟာ ရုရှားအတွက်ကမ္ဘာ့ဖလားသွင်းဂိုး ၃ ဂိုးအထိ ပါဝင်ပတ်သက်နေ။ (၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး)

ဂိုလိုဗင်ဟာ ၁၉၉၄ ခုနှစ်က (၆ ဂိုးသွင်း၊ ၁ ဂိုးဖန်တီး)အိုလက်ဆာလန်ကိုရဲ့နောက် ဂိုးအများဆုံးပါဝင်ပတ်သက်ခဲ့တဲ့ကစားသမားဖြစ်လာ။

 

နှစ်ဖက်အသင်း ဒဏ်ရာရကစားသမားစာရင်း

play

 

ဆော်ဒီအာရေဗျအသင်းကို ၅-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က တံကောက်ကြောဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးကို လွဲချော်ဖွယ်ရှိ။

play

 

ရုရှားနဲ့ပွဲစဉ်မှာ မိုဟာမက်ဆာလာ ပါဝင်ကစားဖို့ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝနေပြီလို့ အီဂျစ်အသင်းဆရာဝန်နဲ့ ဆာလာရဲ့ကိုယ်စားလှယ်တို့ ကြေညာထား။

 

ခန့်မှန်းလူစာရင်း

play

 

ရုရှား(4-5-1)- အကင်ဖိဗ်(ဂိုး)၊ မာရီယိုဖာနန်ဒက်စ်၊ ကူတီပေါ့ဗ်၊ အစ်ဂ်နာရှီဗစ်ခ်ျ၊ ယူရီဇာကော့ဗ်၊ ဂါဇင်စကီး၊ ဇော့ဗ်နင်၊ ဆာမီဒို့ဗ်၊ ချီရီရှက်ဗ်၊ ဂိုလိုဗင်၊ စမိုလော့ဗ်။

play

 

အီဂျစ်(4-2-3-1)- အယ်မိုအာရူ(ဂိုး)၊ အယ်ဘူရတ်၊ အိုစမာဟော်စာဝီ၊ အိုမာဟော်စာဝီ၊ အယ်ရှာရာနီ၊ ဖာဟစ်အယ်မူဝါလပ်၊ အယ်ဂျာဆင်း၊ အယ်ဖာရာ၊ အယ်ဒေါ်စာရီ၊ မိုဟာမက်ဆာလာ၊ မိုဟာမက်အယ်စာလာဝီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD