AD
AD
AD

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (H) အဖြစ် ဒီနေ့ညနေ မြန်မာစံတော်ချိန် (၆း၃၀) နာရီမှာ ကိုလံဘီယာအသင်းနဲ့ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အုပ်စု H ရဲ့ အဖွင့်ပွဲစဉ်ဖြစ်ပြီး တောင်အမေရိကအသင်းနဲ့အာရှအသင်းတို့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နှစ်သင်းစလုံးမှာ နာမည်ကျော်ကစားသမားတွေ ပါဝင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

play

 

ကိုလံဘီယာအသင်းမှာ ဒါဗင်ဆန်ဆန်းချက်ဇ်၊ အေရီရက်စ်၊ ဖယ်လ်ကာအို၊ ကွာဒရာဒိုတို့လို နာမည်ကျော်ကစားသမားတွေ ပါဝင်ခဲ့ပြီး ဂျပန်အသင်းကလည်း ယိုရှီဒါ၊ ဟက်ဆီဘီ၊ ကာဂါဝါတို့လို နာမည်ကြီး ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ပွဲစတယ်ဆိုတာနဲ့ နှစ်သင်းစလုံးဟာ အပြန်အလှန်ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ကြပြီး ပွဲကောင်းတစ်ပွဲရဲ့ အသွင်ကို ဆောင်နေခဲ့ပါတယ်။

play

 

ပွဲချိန် (၆)မိနစ်မှာတော့ ဂျပန်အသင်းရဲ့ ကန်သွင်းမှုကို ကားလို့စ်ဆန်းချက်ဇ် လက်နဲ့တားတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပယ်နယ်တီပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဆန်းချက်ဇ်ကိုလည်း အနီကတ်ပြထုတ်ပယ်ခဲ့ကာ အဆိုပါ အနီကတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ ပထမဆုံး အနီကတ်ပြစ်ဒဏ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

play

 

ဒီပယ်နယ်တီကို ရှင်ဂျီကာဂါဝါက ကိုလံဘီယာဂိုးသမား အော့စ်ပင်နာရဲ့ အလယ်တည့်တည့်ကို ပါးနပ်စွာ ကန်သွင်းယူခဲ့လို့ ဂျပန်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ပြိုင်ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ တစ်ယောက်လျော့သွားခဲ့တဲ့ ကိုလံဘီယာအသင်းကလည်း ချေပဂိုးပြန်လည်ရရှိဖို့ အားထုတ်ခဲ့ပြီး ဂျပန်အသင်းကို ဖိအားပေးခဲ့ပါတယ်။ ကိုလံဘီယာအသင်းရဲ့ ကြိုးစားမှုကြောင့် ၃၉ မိနစ်မှာတော့ အလွတ်တည်ကန်ဘောက တဆင့် ကွင်တဲရိုးက ပါးနပ်စွာ ကန်သွင်းယူခဲ့လို့ ကိုလံဘီယာတို့ ချေပဂိုးရရှိခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာတော့ ဂျပန်အသင်းဟာ တစ်ယောက်လျော့ကိုလံဘီယာအသင်းကို ဖိအားပေးနိုင်ခဲ့ပြီး အနိုင်ဂိုးရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဂျပန်အသင်းရဲ့ ကစားပုံကြောင့် ကိုလံဘီယာအသင်း အခက်တွေ့ခဲ့ရပြီး ဂျပန်ရဲ့ ကစားကွက် ဦးဆောင်မှုအောက်ကနေ ကစားခဲ့ရပါတယ်။ ဂျပန်အသင်းဟာ ကိုလံဘီယာကို နေရာစုံကနေ ထိုးဖောက်ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် (၇၃) မိနစ်မှာတော့ အိုဆာကာရဲ့ ခေါင်းတိုက်သွင်းမှုကြောင့် အဖိုးတန်အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။

play

ကိုလံဘီယာနည်းပြ ပီကာမန်းက ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ကားလို့စ်ဘက်ကာတို့လို တိုက်စစ်အားသန်ကစားသမားတွေကို ထည့်သွင်းပြီး ဂျပန်အသင်းကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ဂျပန်အသင်းရဲ့ သွင်းဂိုးကိုသာ ခွင့်ပြုခဲ့ရပြီး နိုင်ပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။ ဂျပန်အသင်းဟာ တစ်ယောက်အသာနဲ့ ကစားခဲ့ရတယ်ဆိုပေမယ့် သူတို့ရဲ့ ပုံစံအတိုင်း လျှင်မြန်သွက်လက်စွာနဲ့ ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအကြိမ် တောင်အမေရိကအသင်းတစ်သင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD