AD
AD
AD

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပိုလန်အသင်းနဲ့ ဆီနီဂေါအသင်းတို့ရဲ့ပွဲစဉ်မှာ ဆီနီဂေါအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play

play

 

ပိုလန်အသင်းဟာ တိုက်စစ်မှာ လီဝန်ဒေါစကီးကို အထောင်ထားပြီး နောက်ချန်တိုက်စစ်မှူးအနေနဲ့ မီလစ်ကို ထားပြီး ပွဲထွက်လာခဲ့သလို ဆီနီဂေါအသင်းကလည်း တိုက်စစ်မှာ နိုင်ယန်းနဲ့ မာမီဘိုင်ရန်ဒီယော့ဖ်ကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း ၃၇ မိနစ် အချိန်မှာ အစ်ဒရစ်ဆာဂေးရဲ့ကန်သွင်းချက်ကို ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ သီယေဂိုစီအိုနက်နဲ့ ထိပြီး ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိသလို ဖြစ်ခဲ့ပြီး ဆီနီဂေါအသင်းက အဖွင့်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။

play

play

play

ဒုတိယပိုင်းမှာ ပိုလန်အသင်းက ချေပဂိုး ပြန်လည်ရရှိဖို့ အစွမ်းကုန်တိုက်စစ်ဆင်ကစားခဲ့ပြီး မိနစ် ၆၀ မှာ နိုင်ယန်းက ဆီနီဂေါအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ပိုလန်အသင်းဟာ လူစားလဲလှယ်မှုပြုလုပ်ခဲ့ပြီး ဆီနီဂေါအသင်းဘက်ကို တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲပြီးဆုံးခါနီး ၈၆ မိနစ်မှာ ဂရိုဆစ်စကီးရဲ့ဖြတ်တင်ဘောကို ခရိုင်ချိုဝက်ခ်က ခေါင်းတိုက်သွင်းယူပြီး ပိုလန်အသင်းအတွက် ပထမချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ကျန်ရှိတဲ့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ပိုလန်အသင်းက ချေပဂိုး ထပ်မံရရှိဖို့ ကြိုးစားခဲ့ပေမယ့် ဆီနီဂေါအသင်းရဲ့ နောက်ခံကစားသမားတွေနဲ့ ဂိုးသမားက အစွမ်းကုန် ကာကွယ်နိုင်ခဲ့ပြီး အဖိုးတန် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD