AD
AD
AD

ယနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရုရှားအသင်းနဲ့ အီဂျစ်အသင်းတို့ရဲ့ပွဲစဉ်မှာ ရုရှားအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ စိတ်ချသွားခဲ့ရပြီဖြစ်ပါတယ်။

play

 

အိမ်ရှင်ရုရှားအသင်းဟာ ပထမပိုင်း စတင်ချိန်ကတည်းက အီဂျစ်အသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ အီဂျစ်အသင်းကလည်း ရုရှားအသင်းဘက်ကို တန်ပြန်တိုက်စစ်ကနေ တစ်ချက်တစ်ချက် ပြန်လည်ထိုးဖောက်ခဲ့တာကို တွေ့ရပါတယ်။

play

play

 

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၄၇ မိနစ်မှာ ဇော့ဘ်နင်ရဲ့ ပင်နယ်တီဧရိယာထိပ်က အပြင်းကန်သွင်းမှုကို ဖာသီ ဖျက်ထုတ်ခဲ့ရာမှာ မသေသပ်ခဲ့ဘဲ လမ်းကြောင်းပြောင်းပြီး ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့တာကြောင့် ရုရှားအသင်းက အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။ အီဂျစ်အသင်းအတွက် မိုဟာမက်ဆာလာက ကြိုးစားပမ်းစားနဲ့ ချေပဂိုး ပြန်လည်ရရှိအောင် ကြိုးစားခဲ့ပေမယ့် ရုရှားအသင်းရဲ့ဂိုးသမားက လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

play

play

 

၅၉ မိနစ်မှာ ချီရီရှက်ဗ်က သူ့ရဲ့ကမ္ဘာ့ဖလား ၃ ဂိုးမြောက်အဖြစ် အီဂျစ်အသင်းရဲ့ပင်နယ်တီဧရိယာထဲမှာ အနီးကပ်ကန်သွင်းယူခဲ့ပြီး ရုရှားအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။ ၆၂ မိနစ်မှာ ရုရှားအသင်းရဲ့တိုက်စစ်မှူး ဂျူဘာက ကူတီပေါ့ဗ်ရဲ့ပေးပို့မှုကို လှလှပပ ထိန်းသိမ်းပြီး အီဂျစ်အသင်းရဲ့ နောက်ခံကစားသမားကို ကျော်ဖြတ်ကာ အပြင်းကန်သွင်းရင်း ရုရှားအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

အီဂျစ်အသင်းဟာ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ၇၃ မိနစ်မှာ မိုဟာမက်ဆာလာကို ရုရှားနောက်ခံကစားသမား ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က အီဂျစ်အသင်းကို ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ပေးခဲ့ပါတယ်။ ပင်နယ်တီပြစ်ဒဏ်ဘောကို မိုဟာမက်ဆာလာက အမှားအယွင်းမရှိကန်သွင်းယူပြီး ကမ္ဘာ့ဖလားမှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

play

 

ကျန်ရှိနေတဲ့ ဒုတိယပိုင်း ပွဲကစားချိန်တွေမှာ တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး အီဂျစ်အသင်းက တရကြမ်းတိုက်စစ်ဆင်ကစားခဲ့သလို ရုရှားအသင်းကလည်း ခံစစ်ကို အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပါတယ်။ ရုရှားအသင်းဟာ ၂ ပွဲကစားပြီးချိန်မှာ ရမှတ် ၆ မှတ်နဲ့ အုပ်စုအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး အီဂျစ်အသင်းကတော့ ၂ ပွဲကစားပြီးချိန်အထိ တစ်မှတ်မှ မရရှိသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD