AD
AD
AD

ဒီနေ့မှာ ကစားရမယ့် ပေါ်တူဂီ နဲ့ မော်ရိုကိုတို့ရဲ့ ပွဲမှာ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုကို အကောင်းဆုံးပုံစံနဲ့ ဟန့်တားနိုင်ဖို့အတွက် ကြိုးစားသွားမှာဖြစ်ကြောင်း မော်ရိုကိုနည်းပြ ရီနာ့ဒ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် (၃၃)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ အဖွင့်ပွဲမှာ စပိန်အသင်းကို ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံးပုံစံကို ပြသခဲ့သူ ဖြစ်ပါတယ်။

play
မော်ရိုကိုနည်းပြ ရီနာ့ဒ်

 

အုပ်စု (ခ) ရဲ့ ဒုတိယပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့မော်ရိုကိုတို့ ကစားရမှာဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ရီနာ့ဒ်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ မော်ရိုကိုကတော့ အဖွင့်ပွဲမှာ အာရှအသင်းတစ်သင်းဖြစ်တဲ့ အီရန်အသင်းကို ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ပြီး အုပ်စုအောက်ဆုံးမှာ ရပ်တည်နေခဲ့ရတာ ဖြစ်ပါတယ်။

play
စပိန်ကို ဂိုးသွင်းအပြီး စီရော်နယ်ဒို အောင်ပွဲခံနေစဉ်

 

"သူက ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါလို့ ကျွန်တော်ပြောနိုင်ပါတယ်၊ ဒီစကားလုံးက တကယ်ဆို မလုံလောက်သေးပါဘူး၊ ကျွန်တော်တို့ဟာ သူ့ကို အခွင့်အရေးမပေးဖို့အတွက် လုပ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်သွားရမှာဖြစ်ပါတယ်" လို့ ရီနာ့ဒ်က ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ရီနာ့ဒ်က စီရော်နယ်ဒိုဟာ အခြားသော မတူညီကွဲပြားတဲ့ ပုံစံနဲ့ အသင်းကို ဦးဆောင်နိုင်တဲ့ အကြောင်းကိုလည်း ထပ်မံပြောသွားခဲ့ပါတယ်။

play
စပိန်အသင်းဘက်သို့ ဖရီးကစ်မှတဆင့် ဂိုးသွင်းယူနေသည့် စီရော်နယ်ဒို

 

"စီရော်နယ်ဒိုကို ကျွန်တော်တို့ ကစားသမားသုံးယောက်လောက်နဲ့ ထိန်းချုပ်ခဲ့မယ်ဆိုရင် တခြားကစားသမားတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ ကျွန်တော်တို့ မသိတော့ပါဘူး၊ သူတို့အသင်းဟာ တိုက်စစ်ပိုင်းအရည်အသွေးကောင်းမွန်ပြီး  ဥရောပချန်ပီယံအသင်းနဲ့ ကျွန်တော်တို့ ရင်ဆိုင်ရမယ်ဆိုတာကို မမေ့ထားဖို့တော့လိုပါတယ်၊ သူက ပြင်သစ်နဲ့ ကစားခဲ့တဲ့ ယူရိုဖိုင်နယ်ပွဲမှာ ဒဏ်ရာရရှိခဲ့ပေမယ့်လည်း အသင်းဖော်တွေကို အခြားသောပုံစံနဲ့ သူ စီမံဦးဆောင်နိုင်ခဲ့ပါတယ်" လို့ ရီနာ့ဒ်က ထပ်မံပြောကြားခဲ့ပါတယ်။

play
ပြင်သစ်နဲ့ကစားခဲ့သည့် ယူရို၂၀၁၆ ဗိုလ်လုပွဲမှ စီရော်နယ်ဒို

 

ပေါ်တူဂီ နဲ့ ပြင်သစ်တို့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို၂၀၁၆ ဗိုလ်လုပွဲမှာ စီရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရပြီး ကွင်းဘေးနားကနေ အသင်းရဲ့နည်းပြ ဖာနန်ဒိုဆန်းတို့စ်နဲ့အတူ အသင်းကို လမ်းညွှန်မှုတွေ ပြုလုပ်ပေးခဲ့တာကို ရီနာ့ဒ်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ "တကယ်လို့များ ခင်ဗျားဘ၀မှာ စီရော်နယ်ဒိုလိုကစားသမားမျိုးနဲ့ ကြုံတွေ့ကစားခဲ့ရမယ်ဆိုရင် ခင်ဗျားမှာရှိသမျှ အရည်အသွေးကို အစွမ်းကုန်အသုံးချနိုင်ဖို့ လိုပါတယ်" လို့လည်း ရီနာ့ဒ်က ပြောဆိုသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD