AD
AD
AD

တနင်္လာနေ့က ကစားခဲ့တဲ့ ပနားမားအသင်းနဲ့ပွဲစဉ်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်လ်ဂျီယံအသင်းဖော် ဟာဇက်က လူကာကူရဲ့ ပထမပိုင်းကစားပုံအပေါ်ကို ဝေဖန်ခဲ့ပြီး လူကာကူအနေနဲ့ အခုထက်ပိုပြီး လှုပ်ရှားကစားဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

play

 

လူကာကူဟာ ဒုတိယပိုင်းမှာ အသင်းအတွက် အနိုင်ဂိုး (၂) ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းဟာလည်း ဒုတိယပိုင်းမှာမှ အနိုင်ဂိုးတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ မာတင်စ်ရဲ့ အံ့သြဖွယ်ရာကောင်းတဲ့ မြေမကျကန်သွင်းချက်နဲ့ ဘယ်လ်ဂျီယံအသင်း အဖွင့်ဂိုးရရှိပြီးနောက် လူကာကူ ဒီဘရိုင်း နဲ့ ဟာဇက်တို့ရဲ့ ဖန်တီးပေးပို့မှုတွေကနေ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

play

 

"ပထမပိုင်းအပြီးမှာ ကျွန်တော် လူကာကူကို ပြောခဲ့ပါတယ်၊ ငါတို့ မင်းကို လိုအပ်နေတယ်၊ သူက ပထမပိုင်းတစ်ပိုင်းလုံး အသင်းရဲ့ တိုက်စစ်မှာ ပျောက်ဆုံးနေခဲ့ပါတယ်၊ သူ အသင်းနဲ့အတူ ပူးပေါင်းပါဝင်လာပြီဆိုရင်တော့ တကယ့်ကို မျက်လှည့်ဆန်သွားတော့တာပါပဲ၊ သူ နှစ်ဂိုးသွင်းယူနိုင်ခဲ့တယ်လေ၊ ဒါကို သူ နားလည်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်" လို့ ဟာဇက်က ပြောကြားသွားခဲ့ပါတယ်။

play

 

"သူ့အတွက်လည်း ဆိုးရွားတဲ့ ပွဲတစ်ပွဲကို မကြုံတွေ့ခဲ့ရပါဘူး၊ သူ နှစ်ဂိုးသွင်းခဲ့တဲ့အချိန်မှာ အားလုံးက ပျော်ရွှင်နေကြပါတယ်၊ သူ့အတွက်လည်း ယုံကြည်မှု ပိုမိုရရှိစေခဲ့ပါတယ်၊ ဒါပေမယ့် သူ့အနေနဲ့ အသင်းနဲ့အတူ ပိုပြီးတော့ ပူးပေါင်းလာဖို့ ကျွန်တော် မျှော်လင့်မိတယ်၊ အထူးသဖြင့် ပထမပိုင်းမှာပေါ့၊ သူ ဘာလုပ်နိုင်လဲဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်" လို့လည်း ဟာဇက်က လူကာကူ အပေါ်ထားရှိတဲ့ မျှော်လင့်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

play

 

ရောဘတ်တိုမာတီနက်ဇ်ရဲ့ ဘယ်လ်ဂျီယံအသင်းဟာ စနေနေ့မှာ တူနီးရှားအသင်းနဲ့ ထပ်မံကစားရမှာဖြစ်ပြီး အုပ်စုတွင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲကိုတော့ ဘယ်လ်ဂျီယံအသင်းဟာ နောက်ထပ် (၅) ရက်အကြာမှာ အင်္ဂလန်အသင်းရဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD