AD
AD
AD

မနေ့က ပြုလုပ်ခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ တိုက်စစ်မှူးနေမာဟာ နာကျင်မှုကို ခံစားနေခဲ့ရပြီး ကောင်းစွာလမ်းမလျှောက်နိုင်ပဲ ဖြစ်ခဲ့ရကာ လေ့ကျင့်ကွင်းကနေ ပြန်လည်ထွက်ခွာခဲ့ရတယ်လို့ သိရပါတယ်။ နေမာဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိနေပြီး အပူဓာတ်ကုထုံးနဲ့ ကုသမှု ခံယူနေရတယ်လို့လည်း ဘရာဇီးလ်အသင်းက ပြောကြားခဲ့ပါတယ်။

play
ဆွစ်ဇာလန်နဲ့ပွဲမှ နေမာ

 

အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူးဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကိုလည်း လွဲချော်ခဲ့ပြီး ဆွစ်ဇာလန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေက နေမာကို နှိပ်စက်နေခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ နေမာဟာ ပြစ်ဒဏ်ကျူးလွန်ခံရမှု (၁၀) ကြိမ်အထိ ရှိခဲ့ပြီး ပြိုင်ဘက် ကစားသမားတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

play
ကွင်းအတွင်းလဲကျနေခဲ့သည့် နေမာ

 

"ဆွစ်ဇာလန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ များပြားလှသော ပြစ်ဒဏ်ကျူးလွန်ခံရမှုတွေကြောင့် နေမာ နာကျင်မှုတွေ ခံစားနေရပါတယ်၊ သူ့ရဲ့ ဒဏ်ရာအခြေအနေကို အသင်းကို အကြောင်းကြားခဲ့ပြီး အပူဓာတ်ကုထုံးနဲ့ ကုသနေပါတယ်၊ မနက်ဖြန်ဆိုရင်တော့ သူ ပုံမှန်အတိုင်း ပြန်လည်လေ့ကျင့်နိုင်ပါလိမ့်မယ်" လို့ ဘရာဇီးလ်အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

play
ကွင်းလယ်ဒိုင်ကို စောဒကတက်နေခဲ့တဲ့ နေမာ

 

နေမာဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပေမယ့် မိနစ်အနည်းငယ်အကြာမှာပဲ လေ့ကျင့်ရေးကွင်းက ပြန်လည်ထွက်ခွာခဲ့ပြီး အသင်းဖော်များကတော့ ဆက်လက်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒုတိယပွဲစဉ်အဖြစ် ဘရာဇီးလ်အသင်းဟာ ကော်စတာရီကာနဲ့ သောကြာနေ့မှာ ကစားရမှာလည်း ဖြစ်ပါတယ်။

play
နေမာဟာ (၁၀)ကြိမ်ထက်မနည်း ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပါတယ်။

 

အဆိုပါပွဲစဉ်မတိုင်ခင်မှာ နေမာအနေနဲ့ ပြန်လည်သက်သာလာဖို့ မသေချာသေးပဲ စောင့်ကြည့်ရမယ့် အနေအထားမှာပဲ ရှိနေပါသေးတယ်။ ဆွစ်ဇာလန်နဲ့ပွဲမှာ နေမာဟာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပဲ ဘရာဇီးလ်အသင်းဟာလည်း သရေနဲ့သာ ကျေနပ်ခဲ့ရပြီး အုပ်စုတွင်း လက်ကျန်ပွဲတွေကို အနိုင်ရဖို့ ရုန်းကန်ရမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD