AD
AD
AD

တူနီးရှားကို ကိန်းရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ ၂-၁ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းဟာ မနေ့က နားရက် ရထားတဲ့ အခိုက်အတန့်အ တွင်း ပုံမှန်မဟုတ်တဲ့ အပြုအမူတွေပြုလုပ်နေခဲ့ကြတာကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရပါတယ်။

play

 

ပင်ပန်းခဲ့သမျှ အားအင်များ ပြန်လည် ပြည့်တင်းလာဖို့ အတွက် အပန်းဖြေတဲ့အနေနဲ့ ရေကူးအနားယူခဲ့ကြပေမယ့် ၎င်းတို့ရဲ့ အပြုအမူများမှာ ၁၀ နှစ်အောက် ကလေးများသာ ပြုမူလေ့ရှိတဲ့အပြုအမူတွေ ဖြစ်နေတာကတော့ အံ့အားသင့်ရမှာ ဖြစ်ပါတယ်။

play

 

ပုံမှာ မြင်တွေ့ရတဲ့ လင်ဂတ်၊ပစ်ဖို့ဒ်၊မက်ဂွီး၊ဟန်ဒါဆင်တို့ ၄ ဦးဟာ အခြားသူတွေထက် ပိုမို ထူးခြားတဲ့ အပြုအမူတွေကို ချွန်ပြီး လုပ်နေခဲ့ကြတာ ကို အရှင်းသားတွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။

play

 

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် တွန်းလှဲ ပျော်ပါးနေကြတဲ့ အင်္ဂလန်အသင်းရဲ့ မြင်ကွင်းဟာ ၁၀ နှစ်သားကလေးတွေ ပျော်မြူးနေကြတဲ့ အတိုင်း ပျော်ရွှင်ဖွယ်ပုံရိပ်အတိ လွှမ်းခဲ့ပါတယ်။

play

 

ဂိုးသမား ပစ်ဖို့စ်ကို ရေအောက်ကနေ ငုပ်ပြီး ရေမြင်းအရုပ်ပေါ်ကနေ တွန်းချခဲ့တဲ့ မက်ဂွီးရဲ့ လုပ်ရပ်၊ မြင်းစီးရတာ ပျော်နေတဲ့ ထရစ်ပီယာရဲ့ အပျော်၊ ဓာတ်ပုံဆရာ တစ်ဖြစ်လဲ လင်ဂတ်တို့နဲ့အတူ ကလေးထိန်းကြီးကလည်း အိုက်တင်ပေးနေပြန်တော့ အင်္ဂလန်အသင်းရဲ့ ပျော်ရွှင်ဖွယ် မြင်ကွင်းတွေက ချစ်စဖွယ် ပုံရိပ်တွေ ဖြစ်လို့နေခဲ့ပါတယ်။

play

 

အင်္ဂလန်အသင်းကတော့ အုပ်စု အဖွင့်ပွဲ နိုင်ထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးသာနေပြီးဒုတိယပွဲအဖြစ် ပနားမားအသင်းနဲ့ ဇွန်လ ၂၄ ရက်နေ့မှာ ဆက်လက်ကစားပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD