AD
AD
AD

မော်ရိုကိုအသင်းနဲ့ ဒီကနေ့ ညနေမှာ ကစားရမှာ ဖြစ်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ကွင်းမှာတော့ ဖိအား တစ်စုံတစ်ရာ မရှိတဲ့ ပေါ်တူဂီအသင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

play

 

အသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ အသင်းကို စပိန်နဲ့ပွဲမှာ အဖိုးတန် တစ်မှတ်ရယူပေးခဲ့သူဖြစ်ပြီး ပြီးပြည့်စုံ တဲ့ ဟက်ထရစ်သွင်းဂိုးကြောင့်လည်း အများရဲ့ အထင်ကြီးခြင်းကို ခံထားရသူဖြစ်ပါတယ်။

play

 

၎င်းရဲ့ မော်ရိုကိုအသင်းနဲ့ပွဲအတွက်လုပ်ဆောင်နေတဲ့ လေ့ကျင့်ရေး မြင်ကွင်းတွေကို မြင်တွေ့ရမယ်ဆိုရင် ရယ်မော ပျော်ရွှင်ဖွယ်အတိ မျက်နှာကိုသာ မြင်တွေ့ရမှာ ဖြစ်ပြီး အသင်းကို နည်းစနစ်ပိုင်း၊စိတ်ဓာတ် စတဲ့ လိုအပ်ချက်တွေ တစ်စုံတစ်ရာ ညွှန်ကြားပြသနေခြင်း မရှိတာလည်း ဖြစ်ပါတယ်။

play

 

ဒါ့အပြင် အသင်းဖော် ကွာရက်စ်မာကိုနောက်ဖက်ကနေ ဇတ်ပိုးကို လက်နဲ့ ရိုက်ပြီး နောက်ပြောင်နေခဲ့ပြီး ပျော် ရွှင်နေတဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုကြောင့် တစ်သင်းလုံးလည်း ပျော်ရွှင်နေတာမြင်တွေ့ရမှာ ဖြစ်ပါ တယ်။

play

ရောနယ်ဒိုဟာ အသင်းကို စတင်ဦးဆောင်လာချိန်ကတည်းက အများရဲ့ ချစ်ခင်မှုကို ရခဲ့သူ ဖြစ်ပြီး  ကလေးတွေကိုလည်း ပျော်ရွှင်စေခဲ့သူ ဖြစ်ပါတယ်။

play

အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ကာ လက်ရှိမှာတော့ ပွဲစဉ်(၁)အပြီး သွင်းဂိုး ၃ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားနေရာကို ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD