AD
AD
AD

ဒီနေ့ညနေ မြန်မာစံတော်ချိန် (၆း၃၀) မှာတော့ အုပ်စု (ခ) ရဲ့ ဒုတိယပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပေါ်တူဂီ နဲ့ မော်ရိုကိုတို့ရဲ့ ပွဲစဉ်ကို ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းကတော့ ပွဲဦးထွက်မှာ စပိန်အသင်းနဲ့ သရေကျထားခဲ့ပြီး မော်ရိုကိုကတော့ အီရန်အသင်းကို အရေးနိမ့်ထားတာကြောင့် နှစ်သင်းစလုံးအတွက် အမှတ်လိုအပ်နေတဲ့ ပွဲဖြစ်နေတာကြောင့် အကြိတ်အနယ်ရှိလာမှာတော့ သေချာပါတယ်။ ဒါကြောင့် ဒီပွဲစဉ်အတွက် ပွဲကြိုအချက်အလက်နဲ့ နှစ်ဖက်အသင်းရဲ့ သတင်းတွေကို Duwun Sports ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

play

 

- မော်ရိုကိုနည်းပြ ရီနာ့ဒ်ကတော့ စီရော်နယ်ဒိုကို ထိန်းချုပ်ဖို့ အခက်တွေ့နေတယ်လို့ ညည်းတွားခဲ့ပါတယ်။

- ပေါ်တူဂီအသင်းကတော့ ကြံ့ခိုင်မှုအပြည့်နဲ့ ဒီပွဲကို ကစားသမားတွေ ကစားနိုင်မယ်လို့ ကြုံးဝါးထားပါတယ်။

 

ဒဏ်ရာရ/ပွဲပယ်

 

- နှစ်သင်းစလုံးမှာ ဒဏ်ရာအနာတရ ကင်းစင်နေ

 

ပွဲကြိုအချက်အလက်များ

play

 

- ပေါ်တူဂီက ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အာဖရိကအသင်းတွေထဲ မော်ရိုကိုတစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့ဖူး

- ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက အဖွင့်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့

- စီရော်နယ်ဒိုဟာ ပြိုင်ပွဲကြီး (၈) ကြိမ်ဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ရပ်တည်နေ

play

 

- မော်ရိုကိုအသင်းမှ အဇစ်ဘူဟက်ဒေါ့က အီရန်နဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့

- ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားနောက်ဆုံးအုပ်စု (၁၀)ပွဲမှာ ဂျာမနီတစ်သင်းတည်းကိုသာ ရှုံးနိမ့်ထား

 

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

- ၁၉၈၆ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ မော်ရိုကိုက ၃-၁နဲ့ အနိုင်ရခဲ့သည့် တစ်ကြိမ်သာ ရင်ဆိုင်ခဲ့ဖူး

 

ဖြစ်နိုင်ဖွယ် လူစာရင်း

play

 

play

 

နာမည်ကျော်တို့ရဲ့ ခန့်မှန်းမှုများ

 

မာ့ခ်အော့ဒန် - ပေါ်တူဂီ ၂-၀ မော်ရိုကို

ခရိတ်ဘန်လေ - ပေါ်တူဂီ ၂-၁ မော်ရိုကို

စတီးဝပ်ရော့ဘ်ဆင် - ပေါ်တူဂီ ၂-၁ မော်ရိုကို

မော်ရီစီယိုပီဒရိုဇာ - ပေါ်တူဂီ ၃-၁ မော်ရိုကို

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD