AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမားဟောင်း မာ့ခ်ဘော့စနစ်ခ်ျက ဒီဂီယာဟာ ပေါ်တူဂီနဲ့ပွဲစဉ်မှာ ကြီးမားတဲ့အမှားတွေပြုလုပ်ခဲ့ပေမယယ့် ကမ္ဘာ့ထိပ်တန်းအဆင့်ဂိုးသမား ဒီဂီယာအနေနဲ့ အီရန်နဲ့ပွဲစဉ်အတွက် အလျင်အမြန် ပြန်လည်ပြုပြင်ထားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

ပေါ်တူဂီအသင်းနဲ့ပွဲစဉ် ခရစ်စတီယာနိုရော်နယ်ဒို ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့တဲ့ဂိုးမှာ ဒီဂီယာရဲ့ပေါ့ဆမှုကြောင့် လက်ထဲကနေ လွတ်ထွက်ပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းဟာ ယနေ့ည(မြန်မာစံတော်ချိန်ကြာသပတေးနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်)မှာ အီရန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အီရန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး အစောဆုံး အုပ်စုထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။

play

 

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ စပိန်အသင်းနည်းပြ ဟီရားရိုးက ဘော့စနစ်ခ်ျရဲ့ပြောကြားချက်နဲ့ ဒီဂီယာရဲ့စိတ်အခြေအနေတို့နဲ့ပတ်သက်ပြီး မိမိတို့အသင်းမှာ ပြဿနာမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဘော့စနစ်ခ်ျက စပိန်နိုင်ငံသားတွေဟာ ဒီဂီယာရဲ့မြင့်မားတဲ့အဆင့်အတန်းကြောင့် အများကြီးမျှော်လင့်ခဲ့ကြလို့ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာလို့ ပြောခဲ့တာဖြစ်ပါတယ်။

play

 

"ဒေးဗစ်ဒီဂီယာက အရမ်းကို တော်တဲ့ဂိုးသမားတစ်ယောက်ပါ။ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ညတွေမှာ သူ အမှားတွေ ပြုလုပ်ခဲ့တယ်။ အဲဒါက တော်တော်ဆိုးရွားတဲ့အမှားပဲ"

"အဲဒါက ဂိုးသမားတွေရဲ့အိပ်မက်ဆိုးပါပဲ။ သူ ဝေဖန်ခံခဲ့ရတာ မှန်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အဲဒီဝေဖန်မှုတွေကနေ ပြန်လည်ရုန်းထွက်လာရပါမယ်"

"မှန်တာပေါ့။ သူက ကမ္ဘာ့ထိပ်တန်းအဆင့်ပါ။ ဒါကြောင့်လည်း ကမ္ဘာ့အဆင့်ကစားသမားတွေအပေါ်မှာ လူတွေအားလုံး ပိုပြီး ဝိုင်းစောင်ကြည့်ကြတာပေါ့။ အထူးသဖြင့် ဂိုးသမားတွေကိုပေါ့။ ခင်ဗျား အမှားတစ်ခုလုပ်လိုက်တဲ့အခါ လူတွေက အဲဒါကို မမျှော်လင့်ထားကြဘူးလေ"

"အရင်တုန်းက ခုလို အမှားလုပ်တယ်လို့ တစ်ခါမှ မကြားဖူးတဲ့ ဂိုးသမားတစ်ယောက် အမှားလုပ်လိုက်တဲ့အခါမှာ သူတို့တွေက အဲဒီကိစ္စကို ပုံကြီးတွေချဲ့ကြတော့တာပဲ"

"ဒီဂီယာလိုမျိုး တစ်စုံတစ်ယောက်က မှားတဲ့အခါမှာ၊ မန်နူရယ်နျူအာလိုမျိုး တစ်စုံတစ်ယောက်က မှားတဲ့အခါ ဒါမှမဟုတ် ကော်တိုရစ်ပေါ့။ သူတို့တွေ အမှားတွေလုပ်ကြတဲ့အခါမှာ လူတွေက ပြောတော့မယ်ဆို ခဏလေး နေပါဦး၊ ဘာဖြစ်လို့လဲ။ အဲဒါ လူ့သဘာဝပဲလေလို့ ပြောလိုက်ပါ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD