AD
AD
AD

ဒိန်းမတ်လက်ရွေးစင်ကစားသမားဟောင်း မိုက်ကယ်ယာကော့ဘ်ဆင်က အဲရစ်ဆင်ကို တားဆီးဖို့က သြစတြေးလျအသင်းရဲ့အဓိက သော့ချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

play
Photos: Berlinske

 

ဒိန်းမတ်အသင်းဟာ အသင်းရဲ့အဓိကကစားသမား အဲရစ်ဆင်ကို သြစတြေးလျအသင်းက ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ရုန်းကန်ရလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဝီလီယံကစ်စ်ကလည်း ပီရူးနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်မှာမဟုတ်ကြောင်း မိုက်ကယ်ယာကော့ဘ်ဆင်က ပြောကြားခဲ့ပါတယ်။

play
Photos: FIFA

 

အဲရစ်ဆင်ဟာ ဒိန်းမတ်အသင်းရဲ့အဓိကကစားသမားဆိုတာ ငြင်းချက်ထုတ်စရာမလိုဘဲ အုပ်စု C အဖွင့်ပွဲစဉ်အဖြစ် ပီရူးအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ပေါ်ဆင်သွင်းယူခဲ့တဲ့ဂိုးကို ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ ကြာသပတေးနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် သြစတြေးလျပွဲစဉ်အတွက် ဒိန်းမတ်အသင်းရဲ့အခြိမ်းခြောက်ဆုံးကစားသမားဖြစ်ပါတယ်။

play
Photos: Alchetron

 

"တကယ်လို့ ပွဲစဉ်ထဲကနေ အဲရစ်ဆင်ကို ဖယ်ရှားနိုင်ခဲ့တယ်ဆိုရင် ဒိန်းမတ်အသင်း ရုန်းကန်ရပါလိမ့်မယ်"

"သူက တိုက်စစ်အပိုင်းရဲ့အဓိကကျတဲ့ သော့ချက်ပါ"

"ဒိန်းမတ်အသင်းမှာ အဲဒီနေရာကို ဝင်ကစားနိုင်တဲ့ကစားသမားတစ်ဦးမှလည်းမရှိဘူး။ သူ လုပ်သလိုမျိုး ဖြည့်ကစားပေးနိုင်မယ့်သူလည်း မရှိဘူး"

"သူက ဘောလုံးကိုင်ထားတဲ့အချိန်မှာတော့ အကောင်းဆုံးမဟုတ်ပါဘူး။ သူက နောက်ပြန်ဆုတ်လိုက်၊ ဘေးထွက်ကစားလိုက်နဲ့ ကစားတယ်။ ဒါပေမယ့် ခံစစ်အစုအဖွဲ့ထဲမှာတော့ သူက နောက်တန်းစည်းကို ကာကွယ်ရာမှာတော့ အရမ်းတော်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD