AD
AD
AD

ဆီနီဂေါအသင်းက ပိုလန်အသင်းကို (၂-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ဆီနီဂေါပရိသတ်တွေဟာ ကွင်းအတွင်းမှာ ဆက်ရှိနေခဲ့ပြီး ပွဲကြည့်စင်အပေါ်မှာ သန့်ရှင်းရေးတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဆီနီဂေါတချို့ရဲ့ ချီးကျူးစရာလုပ်ရပ်ကို အခြားသော ဆီနီဂေါပရိသတ်များက တွေ့မြင်ခဲ့ပြီးနောက်မှာ အတူတူပူးပေါင်းပြီး ပါဝင်ကူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။

play

 

ဆီနီဂေါပရိသတ်တွေရဲ့ အပြုအမူဟာ ဆိုရှယ်မီဒီယာတွေအပေါ်ကို ပြန်နှံ့သွားခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိခဲ့ပါတယ်။ ဆီနီဂေါအသင်းနိုင်ပွဲရနေချိန်မှာ ပရိသတ်တွေရဲ့ အခုလိုလုပ်ရပ်ဟာ အသင်းရဲ့ နိုင်ပွဲရရှိမှုအပေါ်မှာ ပိုပြီးတော့ လှပသွားစေခဲ့ပါတယ်။ ဆီနီဂေါအသင်းကတော့ ပိုလန်အသင်းကို (၂-၀) ဂိုးရလာဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပိုလန်အသင်းရဲ့ အမှားတွေကတဆင့် အခွင့်အရေးယူနိုင်ခဲ့ပါတယ်။

play

 

ပိုလန်ကစားသမား စီအိုနက်ခ်နဲ့ ထိမိပြီး ရရှိခဲ့တဲ့ သွင်းဂိုး၊ ပိုလန်ဂိုးသမား ဆက်ဇနီရဲ့ မလိုအပ်ပဲ ရှေ့တက်ကာကွယ်မှုမှာ နိုင်းယန်းရဲ့ ပါးနပ်မှုကတဆင့် ဒုတိယအနိုင်ဂိုးကို ရရှိခဲ့ပြီး ဆီနီဂေါအသင်းဟာ နိုင်ပွဲရရှိဖို့အတွက် လုံလောက်ပြည့်စုံခဲ့ပါတယ်။ ဆက်ဇနီဟာ ဘောလုံးကို ဧရိယာပြင်ထိထွက်ပြီး ခုန်လွှားတားဆီးခဲ့ရာမှာ နိုင်းယန်းက လှည့်စားနိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ခရိုင်ချိုဝက်ရဲ့ ချေပဂိုးတစ်ဂိုးကို ပိုလန်အသင်း ရရှိခဲ့ပေမယ့် ပွဲချိန်နှောင်းသွားခဲ့တာကြောင့် အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရပြီး ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ အနိုင်ရရှိသွားခဲ့ပါတယ်။ ဆီနီဂေါရဲ့ နိုင်ပွဲဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဖရိကအသင်းတွေဖြစ်တဲ့ အီဂျစ်၊ မော်ရိုကို၊ နိုင်ဂျီရီးယား၊ တူနီးရှားတို့ အရေးမလှဖြစ်ခဲ့မှုကို ကယ်ဆယ်နိုင်ခဲ့တဲ့ နိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

play

 

မိခင်နိုင်ငံအသင်းရဲ့ အောင်မြင်မှုအပေါ်မှာ ပျော်ရွှင်နေခဲ့ပြီးနောက်မှာတော့ ဆီနီဂေါပရိသတ်များရဲ့ မွန်မြတ်တဲ့ လုပ်ရပ်က အသင်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့ပြီး အားလုံးရဲ့ ဂုဏ်ပြုချီးကျူးမှုကို ရရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD