AD
AD
AD

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီတို့ကို စိန်ခေါ်သွားမယ်လို့ သိရပါတယ်။

play

 

ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ အသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့ပြီး အနိုင် ၃ မှတ် ရရှိစေခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုနဲ့ မက်ဆီကတော့ နောက်ဆုံး ၁၀ နှစ်မှာအကောင်းဆုံး ကစားသမား ဆုကို ၅ ကြိမ်စီ ခွဲယူထားသူတွေ ဖြစ်ပြီး ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အဓိက စောင့်ကြည့်ရမယ့် ကစားသမားတွေအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

" ကိုယ့်ကိုယ်ကို မဖြစ်နိုင်ဘူးလို့ ယုံကြည်ထားရင် ဘယ်သူမှ မဖြစ်နိုင်ပါဘူး။" လို့ ကိန်းက ဆိုလိုက်ပါတယ်။

ကိန်းဟာ စပါးအသင်းအတွက် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကစပြီး ၁၃၅ ဂိုး သွင်းယူပေးထားတဲ့ တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပြီး မနှစ်ကတော့ အသင်းကို အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံးဆု ဘလွန်းဒီအောဆုရှင်ဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းအတွက် ၄၃၈ ပွဲကစားပေးထားပြီး ဂိုးပေါင်း ၄၅၀ အထိ သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။အဲ့နောက် အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလား ၃ ကြိမ်ဆက်ကို ရယူပြီး ဥရောပသမိုင်းမှာ မှတ်တမ်း ကောင်းရေးထိုးထားနိုင်သူလည်း ဖြစ်ပါတယ်။

မက်ဆီကလည်း ဘာစီလိုနာအသင်းအတွက် ကစားသမားဘ၀တစ်လျှောက် သွင်းဂိုး ၅၅၂ ဂိုးအထိ သွင်းယူပေးထားတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါ တယ်။

အဆိုပါ ကစားသမားများနဲ့ ယှဉ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ချင်နေတဲ့ ကိန်းက -" မိမိကိုယ်မိမိ ယုံကြည်မှု အမြင့်ဆုံး မရှိဘူးဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်စရာ မရှိပါဘူး။ဒါကြောင့်ကမ္ဘာ့အကောင်းဆုံး ဖြစ်ချင်ရင်တော့ ယုံကြည်ချက် မြင့်မားဖို့ လိုပါတယ်။" လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး -" အဓိက ပြိုင်ပွဲတွေ ကစားပြီး သက်သေပြချင်ပါတယ်။ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းဝင်လည်း ဖြစ်ချင်ပါတယ်။ဒီအ ရာက ကျွန်တော်ရ့ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်ပါတယ်။နောက်ပြီး ပရိသတ်တွေကိုလည်း ကျွန်တော် ဘယ်လောက်စွမ်းဆောင်နိုင်လဲ ဆိုတာ သက်သေပြသွားပါမယ်။ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်သလို မက်ဆီးလည်း ထိုနည်းလည်းကောင်းပါပဲ။ဒါပေမယ့် သူတို့ကို ကျွန်တော် စိန်ခေါ်သွားပါမယ်။" လို့ ကိန်းက ကြုံးဝါး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကိန်းရဲ့ အင်္ဂလန်အသင်းကတော့ လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ ပနားမားအသင်းနဲ့ ဆက်လက်ကစားရဖို့ရှိနေပြီး နောက်တစ်ဆင့်တက်ဖို့ အခွင့် အရေးကောင်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD