AD
AD
AD

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းဟာ ပိုလန်လက်ရွေးစင် ဂိုးသမား ဖေဘီယန်စကီးကို ပေါင် ၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရ ပါတယ်။

play

 

ဖေဘီယန်စကီးဟာ အာဆင်နယ်ဂိုးသမားဟောင်းတစ်ဦးဖြစ်သလို လက်ရှိ ဆွမ်ဆီးအသင်းကနေ ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ ပိုလန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆင်နွှဲနေပြီး ၃ နှစ်စာချုပ်နဲ့ ၀က်စ်ဟမ်းက ခေါ်ယူခဲ့တာလို့လည်း သိရ ပါတယ်။

အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ ဖေဘီယန်စကီးဟာ ဆွမ်းဆီးအသင်းမှာ ၄နှစ်တာမျှ ကစားခဲ့ပြီး ပွဲပေါင်း ၁၅၀ ဖမ်းထားပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့မှုအပေါ် -" အသင်းကို အကောင်းဆုံး ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ ယုံ ကြည်ပါတယ်။ရာသီသစ်စတင်ဖို့မစောင့်နိုင်အောင်ဖြစ်နေပါပြီ။" လို့ ဖေဘီယန်ကပြောခဲ့ပါတယ်။

ဖေဘီယန်စကီးဟာ ၀က်စ်ဟမ်းအသင်းမှာ လက်ရှိဂိုးသမား အန်ဒရေနဲ့ ပြိုင်ဆိုင်ရဖို့ ရှိနေပြီး အငှားခေါ်ယူထားတဲ့ ဂျိုးဟတ်ကတော့ မန်စီးတီးကို ပြန်သွားခဲ့ပြီလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD