AD
AD
AD

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ကမ္ဘာ့ဖလားအုပ်စု A ပွဲစဉ်အဖြစ် ဥရုဂွေးအသင်းနဲ့ ဆော်ဒီအာရေဗျအသင်းတို့ Rostov-on-Don ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်။

ချစ်ကြည်ရေးပွဲစဉ်အဖြစ် ၂ ကြိမ်တွေ့ဆုံယှဉ်ပြိုင်ခဲ့။

27 Mar 2002Saudi Arabia v UruguayW3-2International Friendly
10 Oct 2014Saudi Arabia v UruguayD1-1International Friendly

 

ပွဲကြိုအချက်အလက်များ

play
Photos: 101greatgoals

 

- ဥရုဂွေးအသင်းဟာ အာရှအသင်းတွေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး အနိုင်ရရှိခဲ့( သွင်းဂိုး ၅ ဂိုး၊ ပေးဂိုး ၁ ဂိုး)

- ဆော်ဒီအာရေဗျအသင်းဟာ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်မှာ အုပ်စုအောက်ဆုံးမှာသာ ရပ်တည်နိုင်ခဲ့။

- ဆော်ဒီအာရေဗျအသင်းဟာ ကမ္ဘာ့ဖလားနောက်ဆုံး ၁၁ ပွဲစလုံးမှာ ရှုံးနိမ့်ထား။

- ဥရုဂွေးအသင်းဟာ နောက်ဆုံးကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၉ ပွဲမှာ ၁ ပွဲသာရှုံးနိမ့်ထား( ၅ ပွဲနိုင်၊ ၃ ပွဲသရေ)

- ဆော်ဒီအာရေဗျနဲ့ပွဲစဉ်မှာ လူးဝစ်ဆွာရက်ဇ်ပွဲထွက်ကစားခဲ့ပါက နိုင်ငံတကာပွဲ ၁၀၀ ပြည့်မြောက်မှာဖြစ်။ နိုင်ငံတကာပွဲစဉ် ၁၀၀ ပြည့်မြောက်တဲ့ ၆ ယောက်မြောက်ဥရုဂွေးကစားသမားဖြစ်လာမှာဖြစ်။

 

ဒဏ်ရာရ/ပွဲပယ်စာရင်း

 

နှစ်သင်းစလုံး ဒဏ်ရာရ/ပွဲပယ်ကစားသမား မရှိ။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play
Photos: 101greatgoals

play
Photos: 101greatgoals
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD