AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန်ကြာသပတေးနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်)မှာ အီရန်အသင်းရဲ့ စပိန်အသင်းတို့ဟာ ကမ္ဘာ့ဖလားအုပ်စု B ပွဲစဉ်အဖြစ် Luzhniki ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play
Photos: TV Guide

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးတွေ့ဆုံမှုဖြစ်။

 

ပွဲကြိုအချက်အလက်များ

play
Photos: 101greatgoals

play

 

- အီရန်အသင်းဟာ ကမ္ဘာ့ဖလားမှာ ဥရောပပြိုင်ဘက်တွေကို တစ်ခါမှအနိုင်မရရှိခဲ့။ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲရှုံး ၁ ပွဲသရေ။

- စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေကို တစ်ခါမှ မရှုံးနိမ့်ခဲ့။ ၂ ပွဲနိုင် ၂ ပွဲသရေ။ သရေ ၁ ပွဲဖြစ်တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ဖူး။

- စပိန်အသင်းဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်မှာ ၂ ကြိမ် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရ။

- မော်ရိုကိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်ဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံး ပွဲချိန်တစ်ပိုင်းလုံးမှာ ဂိုးကန်သွင်းမှုမပြုလုပ်နိုင်ခဲ့ဘဲ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်လာ။ (၉၄ မိနစ်မှာ မော်ရိုကိုရဲ့ကစားသမား အဇစ်ဘူဟတ်ဒေါ့ရဲ့ Own Goal နဲ့အနိုင်ရရှိခဲ့)

- စပိန်ကိုအနိုင်ရရှိခဲ့မယ်ဆိုရင် ၂၀၀၂ ခုနှစ်က တောင်ကိုရီးယားအသင်းနောက်ပိုင်း ၂ ပွဲဆက်တိုက်အနိုင်ရရှိတဲ့ အာရှအသင်းဖြစ်လာမှာဖြစ်။

 

ဒဏ်ရာရ/ပွဲပယ်စာရင်း

play
Photos: Fotmob

 

ဒဏ်ရာရရှိနေတဲ့ စပိန်ညာနောက်ခံကစားသမား ကာဗာဂျယ် ပြန်လည်ပါဝင်လာမယ်လို့ သိရ။

အီရန်အသင်းမှာ ဒဏ်ရာရ၊ ပွဲပယ်ခံထားရသူမရှိ။

 

ခန့်မှန်းလူစာရင်း

play
Photos: 101greatgoals

 

play
Photos: 101greatgoals
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD