AD
AD
AD

ယနေ့ည မြန်မာစံတော်ချိန် ၆ နာရီခွဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ မော်ရိုကိုအသင်းတို့ရဲ့ အုပ်စု(ခ) ပွဲစဉ်(၂) ပွဲစဉ်မှာတော့ ပေါ်တူဂီအသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ပေါ်တူဂီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ပွဲချိန် ၄ မိ နစ်မှာသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီဂိုးက ရော်နယ်ဒိုအတွက် ထူးခြားမှု ရှိခဲ့ပြီး အုပ်စုအဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့စပိန်နဲ့ ပွဲစဉ်တုန်းကလည်း အဖွင့်ဂိုး ကို ပင်နယ်တီမှတဆင့် ပွဲချိန် ၄ မိနစ်မှာပင် သွင်းယူနိုင်ခဲ့တာကြောင့် နှစ်ပွဲဆက် ၄ မိနစ်စီတိုင်းမှာ သွင်းဂိုးသွင်း ယူနိုင်တာလည်း ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ယခုသွင်းဂိုးကြောင့်လည်း ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုး ၈၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီ ဖြစ်ပြီး ဥရောပတစ်ခွင်မှာတော့ ဂိုးအများဆုံးသွင်းယူနိုင်သူ ဖြစ်လာခဲ့ပါတယ်။

play

 

၁၉၄၅ ကနေ ၁၉၅၆ အထိအထိ ဟန်ဂေရီအသင်းအတွက် ကစားပေးခဲ့တဲ့ တိုက်စစ်မှူး ပွတ်ရှ်ကတ်စ်ရဲ့ ၈၄ ဂိုးကို ၈၅ ဂိုးနဲ့ ကျော်ဖြတ်ကာ ဥရောပတိုက်ရဲ့ ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းမှာတော့ ဒုတိယဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့ပြီး အီရန်တိုက်စစ်မှူး အလီဒါယီက ၁၀၉ ဂိုး အထိသွင်းယူထားတာကြောင့် ကျော်ဖြတ်နိုင်ဖို့ သွင်းဂိုး များစွာ လိုအပ်နေသေးတာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းက လက်ရှိမှာ နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေကျထားပြီး ရမှတ် ၄ မှတ်ရရှိကာ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းခဲ့ပေမယ့်လည်း မော်ရိုကိုအသင်းကတော့ နှစ်ပွဲရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု(ခ)ရဲ့ အနေအထားမှာ အိမ်ပြန်စော ခဲ့ရပြီလို့ဆိုရမှာလည်း ဖြစ်ပါတယ်။

နှစ်သင်းစလုံး အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ဆက်လက်ကစားရအုံးမှာ ဖြစ်ပြီး ပေါ်တူဂီအသင်းက အီရန်အသင်း နဲ့လည်းကောင်း၊မော်ရိုကိုအသင်းက စပိန်အသင်းနဲ့ လည်းကောင်း အသီးသီး ဆက်လက်ကစားရပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD