AD
AD
AD

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ မော်ရိုကိုအသင်းတို့ရဲ့ ပွဲစဉ်ကို ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို ရဲ့ အတူနေချစ်သူ ဂျော်ဂျီနီာ ရိုဒရီဂွက်က ကိုယ်တိုင်ကိုယ်ကျ ကွင်းထဲထိ လိုက်ပါအားပေးတာကို တွေ့ရှိရပါတ တယ်။

play

 

ချစ်သူ လိုက်ပါးအားပေးတဲ့နည်းတူ ရော်နယ်ဒိုကလည်း အဆိုပါ ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ချစ်သူ ရိုဒရီဂွက်မှာ အာဂျင်တီးနား နိုင်ငံဖွား မိန်းကလေးတစ်ဦးဖြစ်ပေမယ့်လည်း ချစ်သူ ရော်နယ်ဒိုကြောင့် ကျောနံပါတ် ၇ ပါ ပေါ်တူဂီဂျာစီကို တင်းကြပ်စွာ ၀တ်ဆင်ပြီး လာရောက် အားပေးတာ ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

play

 

အဲ့နောက် ပွဲချိန်အတွင်း ရော်နယ်ဒို ဂိုးသွင်းပြီးအချိန်အောင်ပွဲခံရာမှာ ၎င်းရဲ့ လက်သန်းကြွယ်မှာ ၀တ်ဆင်ထားတဲ့ အလွန်ကြီးမားတဲ့ စိန်ပွင့် လက်စွပ်ကြီးကိုလည်း ထုတ်ဖော်ပြသနေ တာ မြင်တွေ့ရအုံးမှာပါ။

play

 

ရော်နယ်ဒိုဟာ ချစ်သူ ရိုဒရီဂွက်နဲ့အတူ ရင်သွေးတစ်ဦးထွန်းကားထားပြီး အမွှာပူး ကလေးနှစ်ယောက်အပါအ၀င် စုစုပေါင်း သားသမီး ၄ ဦးပိုင် ဆိုင်ထားနှင့်ပြီးလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အဆိုပါပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဥရောပတိုက်ရဲ့ ဂိုးသွင်းဘုရင်ဖြစ်လာခဲ့ပြီး ယခင် ဟန်ဂေရီကစားသမားကြီး ပွတ်ရှ်ကပ်ကို တစ်ဂိုးကျော်လွန်ကာ သွင်းဂိုး ၈၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီ လည်း ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာလည်း နှစ်ပွဲကစား တစ်ပွဲနိုင်တစ်ပွဲသရေကျကာ ရမှတ် ၄ မှတ်နဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုငထားပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အီရန်အသင်းနဲ့ ကစားရပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD