AD
AD
AD

ဆော်ဒီအာရေဗျကို နိုင်ရုံနဲ့ နောက်တစ်ဆင့်ကို တက်မယ့် ဥရုဂွေးအသင်းဟာ လူစုံထုတ်ကစားခဲ့ပြီး တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါ တယ်။

play

 

တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဆွာရက်ဇ်က ပွဲချိန် ၂၃ မိနစ်မှာ အသင်းဖော် ကားလို့ ဆန်းချက်ရဲ့ ဖန်တီးပေးမှုကနေ ပိတ်သွင်းရ ယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

play

ဥရုဂွေးအသင်းအနေနဲ့ အီဂျစ်အသင်းနဲ့ အဖွင့်ပွဲစဉ်တုန်းကလည်း တစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့ပင်အနိုင်ရထားတာကြောင့် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန် ၂ ဂိုးသာရထားသေးတဲ့ တိုက်စစ်က အားနည်းတယ်လို့ဆိုရပေမယ့် ပေးဂိုးလုံးဝမရှိတဲ့ ခံစစ်ကတော့ ခိုင်လုံမှုရှိနေပါတယ်။

play

 

ဆော်ဒီအသင်းက နောက်တစ်ဆင့်မျှော်လင့်ချက်ရှိသေးလို့ ဖိအားပေး ကစားပေမယ့်လည်း ဥရုဂွေးအသင်းက အဖိုးတန် အနိုင်ဂိုးကို အကောင်း ဆုံး ထိန်းချုပ်ကစားခဲ့လို့ ဘောလုံးပိုင်ဆိုင်မှု အသာရပေမယ့်လည်း ဆော်ဒီအသင်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေတော့မရခဲ့ပါဘူး။

ဆော်ဒီအသင်းက အခုလို ရှုံးနိမ့်ခဲ့လို့ ယခု အုပ်စု(က)မှာတော့ နောက်တစ်ဆင့်တက်တဲ့အသင်းတွေက အိမ်ရှင် ရုရှားနဲ့ ဥရုဂွေးဖြစ်ပြီး အုပ်စုက လှည့်ပြန်ခဲ့ရတာက အီဂျစ်နဲ့ ဆော်ဒီအသင်းတို့ ဖြစ်ပါတယ်။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး နောက်တစ်ဆင့်တက်တဲ့အသင်းနဲ့ အုပ်စုက လှည့်ပြန်ရတဲ့အသင်းတွေ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါပြီ။

အုပ်စုဗိုလ်နေရာအတွက်ကိုတော့ အိမ်ရှင် ရုရှားနဲ့ ဥရုဂွေးအသင်းတို့ လုရမှာ ဖြစ်သလို အီဂျစ်နဲ့ ဆော်ဒီအသင်းကတော့ ဂုဏ်သိက္ခာအတွက် အုပ်စု လက်ကျန်ပွဲကို ကစားသွားရဖို့ ကျန်နေပါတယ်။

ယခုပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ ဆွာရက်ဇ်ဟာ ကစားသမားဘ၀ နိုင်ငံအသင်းအတွက် ပွဲ ၁၀၀ မြောက် ကစားပေးခွင့်ရခဲ့သူ လည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD