AD
AD
AD

ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဥရောပရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ နှစ်ပေါင်း (၆၂) နှစ်ကြာ တည်တံ့ခဲ့တဲ့ ပွတ်ရှ်ကပ်စ်ရဲ့ နိုင်ငံတကာသွင်းဂိုး (၈၄) ဂိုး စံချိန်ကို စီရော်နယ်ဒိုက တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

play

 

လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းဘက်ကို ခေါင်းတိုက်အနိုင်ဂိုး သွင်းယူပြီးတဲ့နောက် စီရော်နယ်ဒိုရဲ့ သွင်းဂိုးဟာ (၄) ဂိုးအထိ ရှိလာခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ထောင့်ကန်ဘောကတဆင့် ရရှိလာတဲ့ အခွင့်အရေးကို စီရော်နယ်ဒိုက အကောင်းဆုံးခေါင်းတိုက်ချက်နဲ့ အဆုံးသတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပေါ်တူဂီအသင်းအတွက် နိုင်ငံတကာပွဲပေါင်း (၁၅၂)ပွဲအထိ ကစားခဲ့တဲ့ စီရော်နယ်ဒိုဟာ သွင်းဂိုး (၈၅)ဂိုးအထိ ရယူပြီး ဥရောပသမိုင်းမှာ ဘယ်ကစားသမားထက်မဆို ပိုမိုများပြားတဲ့ သွင်းဂိုးအရေအတွက်ကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟန်ဂေရီရဲ့ ဂန္ထ၀င်ကစားသမားကြီး ဖရန့်ပွတ်ရှ်ကပ်စ်က ၈၉ပွဲ ကစားပြီး ၈၄ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။

play

 

စီရော်နယ်ဒိုရဲ့ နောက်မှာတော့ ပွတ်ရှ်ကပ်က (၈၄)ဂိုး၊ ဆန်ဒရိုကော့ဆစ်(ဟန်ဂေရီ) က ၇၅ဂိုး၊ မီရိုဆလပ်ဗ်ကလို့စ် (ဂျာမနီ) က ၇၁ဂိုး၊ ဂတ်မူလာ (ဂျာမနီ) က  ၆၈ဂိုးတို့နဲ့ ရပ်တည်နေခဲ့ကြပါတယ်။ အသက် (၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပေါ်တူဂီအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်လာခဲ့တာဖြစ်ပါတယ်။

play

 

စီရော်နယ်ဒို လက်ရှိသွင်းယူထားတဲ့ ဂိုးလေးဂိုးမှာလည်း ပယ်နယ်တီတစ်ဂိုး၊ ဘယ်ခြေကန်ချက်နဲ့ တစ်ဂိုး၊ ညာခြေကန်ချက်နဲ့ တစ်ဂိုး၊ ခေါင်းတိုက်သွင်းဂိုးးက တစ်ဂိုးနဲ့ ထိချက်မျိုးစုံနဲ့ ဂိုးသွင်းယူထားနိုင်ခဲ့တာကလည်း ချီးကျူးချင်စရာ ဖြစ်လာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD