AD
AD
AD

ဒီနေ့မနက်မှာ ကစားခဲ့တဲ့ စပိန်နဲ့ အီရန်တို့ရဲ့ အုပ်စု (ခ) ပွဲစဉ်မှာ စပိန်အသင်းက ဒီယေဂိုကော်စတာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အီရန်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ အီရန်အသင်းရဲ့ ချေပဂိုးကို VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုပြီး ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့ပြီးချိန်မှာတော့ စပိန်အသင်းဟာ ရမှတ် (၄)မှတ် ရရှိခဲ့ပြီး ပေါ်တူဂီအသင်းနဲ့ ရမှတ်တူဦးဆောင်နိုင်ခဲ့ပါတယ်။

play
အီရန်နဲ့ပွဲမှ အစ္စကို

 

စပိန်ဂိုးသမား ဒီဂီယာကတော့ ပေါ်တူဂီအသင်းနဲ့ပွဲစဉ်မှာ အမှားအယွင်းတွေ ကျူးလွန်မိခဲ့တာကြောင့် ဝေဖန်ခံနေခဲ့ရပြီး စီရော်နယ်ဒိုရဲ့ သွင်းဂိုး (၃)ဂိုးကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်အသင်းပရိသတ်တွေက ဒီဂီယာကို အသင်းရဲ့ ဂိုးပေါက်ကို ဆက်လက်စောင့်ရှောက်ဖို့အတွက် ဆန္ဒပြုခဲ့ကြပြီး ဒီဂီယာဟာ အီရန်အသင်းနဲ့ပွဲစဉ်မှာလည်း ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

play

 

စပိန်နည်းပြ ဖာနန်ဒိုဟီယာရိုကလည်း ဒီဂီယာကို အသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် သတ်မှတ်ထားတယ်လို့ ပြောဆိုခဲ့ပြီး အီရန်နဲ့ပွဲမှာ ဒီဂီယာကို တာဝန်ပေးခဲ့ပါတယ်။ အီရန်အသင်းကို ပေးဂိုးမရှိနဲ့ နိုင်ပွဲရယူခဲ့ပြီးအမှာတော့ စပိန်အသင်းဖော်အစ္စကိုဟာ ဒီဂီယာအနားကို ချဉ်းကပ်လာခဲ့ပြီးနောက် ဒီဂီယာရဲ့ လက်အိတ်ကို နမ်းရှုပ်သွားခဲ့ပါတယ်။

play
ဒီဂီယာရဲ့ လက်ကိုနမ်းရှုံ့ခဲ့တဲ့ အစ္စကို

 

"ပွဲက အနည်းငယ်အခက်တွေ့ခဲ့ရပါတယ်၊ သူတို့ဟာ အချိန်တွေဖြုန်းခဲ့ပြီးတော့ နည်းမျိုးစုံနဲ့ ကစားသွားခဲ့ပါတယ်" လို့ အစ္စကိုက အီရန်အသင်းရဲ့ ကစားပုံနဲ့ ပွဲအတွင်းအခြေအနေကို ပြောပြသွားခဲ့ပါတယ်။ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ အသင်းဖော် ဒီဂီယာကို အစ္စကိုက လက်အိတ်ကို နမ်းရှုပ်ဂုဏ်ပြုပေးခဲ့တာလား၊ အားပေးခဲ့တာလားဆိုတာကိုတော့ အစ္စကိုက မပြောသွားခဲ့ပါဘူး။

play
ဝေဖန်ခံခဲ့ရတဲ့ ဒီဂီယာ

 

အစ္စကို နမ်းရှုံးနေတဲ့အချိန်မှာတော့ ဒီဂီယာက သဘောတကျနဲ့ ရယ်မောနေခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ စပိန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် မော်ရိုကိုအသင်းနဲ့ ကစားရမှာဖြစ်ပြီး သရေကစားနိုင်ရုံနဲ့ ၁၆သင်းအဆင့်ကို တက်ရောက်တော့မှာ ဖြစ်ပါတယ်။ ပေါ်တူဂီကတော့ အီရန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD