AD
AD
AD

ပွဲဦးထွက်မှာ အိုက်စလန်အသင်းကို သရေကျခဲ့တဲ့ အာဂျင်တီးနားအသင်းအတွက် ခရိုအေးရှားနဲ့ပွဲဟာ အရေးကြီးတဲ့ ပွဲစဉ်ဖြစ်လာခဲ့ပြီး မဖြစ်မနေ အနိုင်ရဖို့အတွက် ကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခရိုအေးရှားအသင်းနည်းပြ ဒါလစ်က အာဂျင်တီးနားနဲ့ ကစားရမယ့် ပွဲစဉ်ကို အနိုင်ကစားဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုခဲ့ကြောင်း Fotbmob က ရေးသားခဲ့ပါတယ်။

play
ခရိုအေးရှားနည်းပြ ဒါလစ်

 

နိုင်ဂျီးရီးယားအသင်းကို အဖွင့်ပွဲမှာ ခရိုအေးရှားက ၂-၀နဲ့ အနိုင်ရရှိခဲ့ပြိး အုပ်စုတွင်းမှာ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အာဂျင်တီးနားဟာ မက်ဆီရဲ့ ပယ်နယ်တီလွဲချော်မှုနဲ့အတူ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ မက်ဆီကတော့ ပယ်နယ်တီလွဲချော်ခဲ့မှုအတွက် ဝေဖန်မှုတွေ ရင်ဆိုင်နေခဲ့ရပြီး ဒါလစ်က မက်ဆီကို ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ချီးကျူးခဲ့ပါတယ်။

play
ခရိုအေးရှားနဲ့ အာဂျင်တီးနားတို့ ခြေစမ်းပွဲတွင် တွေ့ဆုံခဲ့ကြစဉ်

 

ဒါပေမယ့်လည်း ခရိုအေးရှားအသင်းဟာ အာဂျင်တီးနားကိုအနိုင်ယူပြီး အနိုင်(၃)မှတ် ရရှိအောင် စွမ်းဆောင်သွားမှာလို့ ဒါလစ်က ပြောဆိုခဲ့ပြီး သရေရလာဒ်ထွက်ပေါ်လာမှာကို စိုးရွံ့မိတယ်လို့လည်း ၀န်ခံခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ခရိုအေးရှားတို့ရဲ့ ပွဲကိုတော့ သောကြာနေ့ နံနက် မြန်မာစံတော်ချိန် (၁၂း၃၀) နာရီမှာ ကစားကြမှာလည်း ဖြစ်ပါတယ်။

play
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ

 

"မက်ဆီက ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားပါ၊ ကစားသမားတစ်ဦးချင်းဆို သူ့ကို ရပ်တန့်နိုင်မယ့်သူ မရှိပါဘူး၊ ကျွန်တော်တို့ကတော့ သူ့ကို ရပ်တန့်နိုင်ပါတယ်၊ သူ့ဆီကို ဘောလုံးမရောက်လာအောင်၊ သူ့ဆီက ဘောလုံးမထွက်သွားအောင် ကျွန်တော်တို့ တားဆီးသွားမှာပါ၊ ဒါပေမယ့် မက်ဆီမပါဝင်ဘူးဆိုလည်း အာဂျင်တီးနားက ကစားသမားကောင်းတွေရှိနေပါသေးတယ်၊ မက်ဆီကိုပဲ အာရုံစိုက်နေမယ်ဆိုရင် သူတို့လှည့်ကွက်ထဲကို ကျွန်တော်တို့ ရောက်ရှိသွားမှာပါ" လို့ ဒါလစ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

play
နိုင်ဂျီရီးယားကို အနိုင်ရပြီး အောင်ပွဲခံနေသည့် ခရိုအေးရှားအသင်းသားများ

 

"ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်နဲ့ ကျွန်တော်တို့ ရင်ဆိုင်ရတော့မှာပါ၊ သူတို့အပေါ် ကျွန်တော် လေးစားမှုအပြည့်အ၀ရှိပါတယ်၊ ဒါပေမယ့် ကိုယ့်ကိုကိုယ်လည်း လေးစားမှုရှိရပါမယ်၊ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ စစ်မှတ်တဲ့ အရည်အသွေးကို ပြသနိုင်မယ်လို့ ယုံကြည်ပါတယ်"

play
နိုင်ဂျီရီးယားအသင်းဘက်ကို ပယ်နယ်တီသွင်းယူနေသည့် မိုဒရစ်

 

" ဒီပွဲက ကျွန်တော်တို့ အတွက် လွယ်ကူမှာပါ၊ ကျွန်တော်တို့ ရှုံးနိမ့်စရာအကြောင်း ဘာမှမရှိပါဘူး၊ ကျွန်တော်တို့က သုံးမှတ်ရထားတဲ့အတွက် ဖိအားက နည်းနည်းလေးပဲ ရှိပါတယ်" လို့ ဒါလစ်က အာဂျင်တီးနားကို အနိုင်ကစားနိုင်မယ်လို့ ယုံကြည်နေတဲ့အပေါ်ကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD