AD
AD
AD

စပိန်လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ယနေ့နံနက်က အီရန်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ စပိန်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲအပြီးအင်တာဗျူးမှာ အီရန်ဂျာနယ်လစ်ရဲ့မေးခွန်းကြောင့် ဒေါသပေါက်ကွဲခဲ့တယ်လို့ Metro က ရေးသားထားပါတယ်။

play
Photos: Metro

 

ဒီယေဂိုကော်စတာဟာ ၂ ပွဲကစားပြီးချိန်မှာ စပိန်အသင်းအတွက် ၃ ဂိုးသွင်းယူထားနိုင်ခဲ့သူဖြစ်ပြီး အီရန်နဲ့ပွဲစဉ်အတွင်း အီရန်ဂိုးသမား ဘီရန်ဘန်ရဲ့ခြေထောက်ကို တက်နင်းထားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ စပိန်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဒီယေဂိုကော်စတာကို ယင်းပွဲစဉ်အတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပြီး ပွဲအပြီးအင်တာဗျူးမှာ အီရန်ဂျာနယ်လစ်တစ်ဦးရဲ့မေးခွန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။

play
Photos: Metro

 

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီယေဂိုကော်စတာကို ပွဲစဉ်အတွင်း အီရန်ကစားသမားတွေကို သူ့ရဲ့ကစားဟန်နဲ့ လှုံ့ဆော်ခဲ့ပြီး ၎င်းအနေနဲ့ သာမန်တုံ့ပြန်မှုကို ပြုလုပ်ဖို့တောင် စိတ်ခံစားမှုမရှိခဲ့ဘူးလားလို့ မေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။

"ခင်ဗျား ဘယ်ပွဲကို ကြည့်ခဲ့တာလဲ ကျွန်တော် မသိဘူး"

"ပထမပိုင်းမှာ သူတို့တွေကျွန်တော်တို့ကို တစ်ချိန်လုံး လှုံ့ဆော်နေကြတယ်"

"ခင်ဗျား ပွဲစဉ်ထဲမှာ အဲဒီလိုမျိုးဖြစ်ခဲ့တယ်ဆိုတာ လာပြီး ကြည့်ရမယ်။ ဒါပေမယ့် ခင်ဗျား မကြည့်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒါ ခင်ဗျားရဲ့နိုင်ငံလေ။ အဲဒီတော့ ခင်ဗျား လာပြီး ရူးကြောင်ကြောင် မေးခွန်းတွေလာမေးတာပဲ"လို့ ဒေါသထွက်နေတဲ့ ဒီယေဂိုကော်စတာက တုံ့ပြန်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD