AD
AD
AD

မော်ရိုကိုအသင်းရဲ့ကွင်းလယ်ကစားသမား အမရာဘတ်ဟာ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင် မာ့ခ်ဂိုက်ဂါဟာ ပေါ်တူဂီအသင်းရဲ့ကြယ်ပွင့်ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ဂျာစီကို တောင်းခဲ့တယ်လို့ ထူးထူးခြားခြား ပြောဆိုခဲ့တယ်လို့ Daily Mail က ဖော်ပြထားပါတယ်။

play

 

ပြီးခဲ့တဲ့အပတ်က မော်ရိုကိုအသင်းအတွက် ဦးခေါင်းဒဏ်ရာရရှိနေရက်နဲ့ ကစားပေးခဲ့တဲ့ အမရာဘတ်က ပေါ်တူဂီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ Dutch TV ကို ခုလိုပဲပြောကြားခဲ့ပါတယ်။

"သူ ဘာလုပ်ဖို့အတွက်လဲတော့ ကျွန်တော် မသိပါဘူး။ သူက ခရစ်စတီယာနိုရော်နယ်ဒိုကို အရမ်းအထင်ကြီးလေးစားနေတာပါ။ ပထမပိုင်းအပြီးမှာ သူ ရော်နယ်ဒိုဆီကနေ ရှပ်အင်္ကျီတောင်းခဲ့တယ်လို့ ပီပီ ပြောတာ ကျွန်တော် ကြားလိုက်ပါတယ်"

"ကျွန်တော်တို့ အခုဘာအကြောင်းပြောနေကြတာလဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာနော်။ ဒီနေရာက ဆပ်ကပ်ပြပွဲ မဟုတ်ဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

အမရာဘတ်ရဲ့ပြောစကားနဲ့ပတ်သက်ပြီး သက်သေအထောက်အထား ဘာမှမရှိခဲ့ဘဲ ရော်နယ်ဒိုရဲ့ မီဒီယာပြန်ကြားရေးတာဝန်ရှိသူကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဘာမှတုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ အမရာဘတ်ဟာ ဝက်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ပြီးခဲ့တဲ့ရာသီက လာလီဂါအသင်းတစ်သင်းဖြစ်တဲ့ လီဂါနက်စ်အသင်းကို အငှားနဲ့သွားရောက်ကစားခဲ့သူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD