AD
AD
AD

ဆွီဒင်ကစားသမားတွေအနေနဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ နိုင်ငံတော်သီချင်းကို ရုတ်တရက် ကြားလိုက်ရ တာကြောင့် ရုတ်တရက်ဆိုသလို အံ့အားသင့်ခဲ့ကြပါတယ်။

play

 

ဆွီဒင်အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ်ကစားရမယ့် ဂျာမနီအသင်းနဲ့ပွဲအတွက်လေ့ကျင့်ခန်းဆင်းနေတာ ဖြစ်ပြီး အဆိုပါ အသံကြောင့် အသံလာ ရာကို ကစားသမားများ ကြည့်ခဲ့ရမှာတော့၎င်းတို့ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကို မြင်ခဲ့ရပါတယ်။

play

အကြောင်းကတော့ အဆိုပါ ဆွီဒင်နိုင်ငံတော်သီချင်းသံမှာ ရုရှားနိုင်ငံသား စေတနာ့ဝန်ထမ်းတစ်ဦးထံမှ လာနေခြင်းကြောင့်ဖြစ်ပြီး ၎င်းက တစ်ကွင်းလုံးကြားဖို့ မိုက်နဲ့ ဆိုနေတာလည်း ဖြစ်ပါတယ်။

play

 

သူတစ်ပါး နိုင်ငံတော်သီချင်းကို ပီပီသသနဲ့ စိတ်နှစ်ပြီး သီဆိုနေတဲ့ အဆိုပါ ရုရှားနိုင်ငံသားရဲ့ အပြုအမူဟာ သူတာဝန်ကျရာအသင်းကို ပျော်ရွှင် ငြိမ်းချမ်းစေခဲ့သလို၊ချစ်ကြည်ရင်းနှီးမှုကိုလည်း ပြသရာရောက်ခဲ့တယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။

၎င်းရဲ့ သီဆိုမှုအပြီးမှာတော့ ဆွီဒင်တစ်သင်းလုံးက လက်ခုပ်သြဘာများနဲ့ ချီးကျူး ထောပနာ ပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဆွီဒင်အသင်းဟာ ပထမပွဲမှာ တောင်ကိုရီးယားအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရထားတာကြောင့် ဂျာမနီနဲ့ပွဲမှာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး အားကောင်းနေပြီး အနိုင်(သို့)သရေရလဒ်ရယူနိုင်ပါက နောက်တစ်ဆင့်အတွက် အခွင့်အလမ်းသာခဲ့မှာဖြစ်ပါတယ်။

ဂျာမနီအသင်းကတော့ ပထမပွဲမှာ မက္ကဆီကို အသင်းကို မထင်မှတ်ပဲ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယခု ဆွီဒင်နဲ့ပွဲမှာ တင်ကစားလာဖို့ ရှိနေ ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD