AD
AD
AD

သူမရဲ့ သားဖြစ်သူဟာ ကမ္ဘာ့ဖလားကို အခြားသောအရာတွေထက် ပိုမိုအလိုရှိနေတယ်လို့ မက်ဆီရဲ့ မိခင်ဖြစ်သူက ပြောဆိုသွားခဲ့ပါတယ်။ အိုက်စလန်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့ပြီး ဝေဖန်ခံခဲ့ရသလို မဟာပြိုင်ဘက် စီရော်နယ်ဒိုက စပိန်အသင်းကို ဟက်ထရစ်သွင်းယူ ခဲ့တာကြောင့် ပိုမိုပြီး ပြောစရာ ဖြစ်သွားခဲ့ပါတယ်။

play
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ

 

အာဂျင်တီးနားအသင်းဟာ အဓိကပြိုင်ပွဲကြီး (၃) ခုရဲ့ ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ ကိုပါအမေရိကဗိုလ်လုပွဲ (၂) ခုတို့မှာ အရေးနိမ့်ခဲ့ပြီး ဆုဖလားနဲ့ ကင်းကွာနေခဲ့တာဖြစ်ပါတယ်။ မက်ဆီအတွက်လည်း ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက် နိုင်ငံအသင်းနဲ့အတူ နောက်ဆုံးအကြိမ်ပါဝင်ကစားပေးတဲ့ ပြိုင်ပွဲ ဖြစ်လာဖွယ်လည်း ရှိခဲ့ပါတယ်။

play
အာဂျင်တီးနားရလာဒ်အတွက် စိတ်ပျက်နေသည့် မက်ဆီ

 

"သူက ကမ္ဘာ့ဖလားကို အိမ်ပြန်သယ်လာဖို့ ရည်မှန်းထားတာပါ၊ အဲဒါက သူ့အတွက် အကြိးမားဆုံးဆန္ဒပဲ၊ ဒါပေမယ့် သူ ဒုက္ခရောက်နေခဲ့ရပြီး ငိုကြွေးနေရတာကို ကျွန်မတို့မြင်တွေ့ခဲ့ရပါတယ်" လို့ မက်ဆီရဲ့ မိခင် ကူစီတီနီက El Trece television အစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။ "သူက ဒီဖလားကို သူနဲ့အတူ သယ်ဆောင်လာနိုင်ချင်တာပါ၊ တခြားသူတွေ ရယူပိုင်ဆိုင်ချင်တာထက်ကို ပိုပါတယ်" လို့လည်း သူမက ဆက်ပြောခဲ့ပါတယ်။

play
အိုက်စလန်နဲ့ပွဲမှ မက်ဆီ ကစားပုံ

 

"သူ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ရတိုင်းမှာ ကျွန်မတို့လည်း အခက်တွေ့ရပါတယ်၊ လူတွေက သူ့ကို နိုင်ငံအသင်းအတွက် စိတ်အားထက်သန်မှု မရှိပဲ ကစားနေတယ်လို့ပြောတိုင်း မိခင်တစ်ယောက်အနေနဲ့၊ မိသားစုတစ်ခုအနေနဲ့ နာကျင်ရပါတယ်၊ ကံကောင်းတာက လူတော်တော် များများက သူ့ကို ချစ်ခင်ကြတာပါ၊ မိခင်တစ်ယောက်အနေနဲ့ ကျွန်မလည်း အတူတူပါပဲ"

play
လီယွန်နယ်မက်ဆီ

 

်"လီယိုက ကျွန်မအတွက်တော့ ဘုရားသခင်လို သားမျိုးပါပဲ၊ ပြီးတော့ ချစ်ခင်စရာကောင်းတဲ့ အစ်ကိုတစ်ယောက်၊ ကောင်းမွန်တဲ့ ဖခင်တစ်ယောက်နဲ့ မယုံကြည်နိုင်လောက်တဲ့ ခင်ပွန်းတစ်ယောက် ဖြစ်ပါတယ်၊ ကျွန်မရဲ့ ကလေး (၄)ယောက်ကို ကျွန်မ ချစ်မြတ်နိုးပါတယ်၊ ဒါပေမယ့် သူသာကမ္ဘာ့ဖလားရမယ်ဆိုရင် ကျွန်မ အရာအားလုံးကို ပေးဆပ်နိုင်ပါတယ်" လို့ ကူစီတီနီက မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဖွင့်ဟပြသွားခဲ့ပါတယ်။

play
အိုက်စလန်အသင်းဘက်ကို ပယ်နယ်တီကန်သွင်းနေတဲ့ မက်ဆီ

 

အာဂျင်တီးနားအသင်းကတော့ အုပ်စုတွင်း ဒုတိယပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနဲ့ သောကြာနေ့ နံနက် မြန်မာစံတော်ချိန် (၁၂း၃၀) နာရီမှာ ကစားရမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားအတွက်တော့ သေရေးရှင်ရေးလို အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်ပြီး အနိုင်ရမှသာ အုပ်စုအဆင့်က တက်မြောက်ဖို့အတွက် အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD